"Khun Krist မင်းနဲ့ Khun Janeeနဲ့ Officially Dateနေပြီလို့ အတည်ပြုပြောကြားချင်တာရှိပါသလား? "
"အခုတလောထွက်နေတဲ့ ကောလဟာလတွေကအမှန်တွေပဲလားဆိုတာပြောပြပေးပါအုံး.."
"ဟုတ်ပါတယ် ကျွန်တော်နဲ့N' Janeeနဲ့ တွဲနေကြတာပါ..."
Magazine ဆုပေးပွဲတစ်ခုတွင်Singtoနှင့်အတူ Best Couple Awardရပြီးနောက် မီဒီယာများစွာတို့၏အင်တာဗျူးများကိုKrist ဖြေဆိုလိုက်ရင်း သူမလက်လေးကိုKrist ကျစ်ကျစ်ပါအောင်ဆုပ်ကိုင်ပေးထားသည်။
ကျွန်တော်သိပ်ကိုမြတ်နိုးရသော ပါးချိုင့်လေးနဲ့အပြုံးပန်းလေးတွေဟာ ယခုအချိန်တော့သူမတစ်ယောက်တည်းအတွက်သာသီးသန့်ဖြစ်ပေါ်နေခဲ့သည်။
လုပ်ရက်လိုက်တာ နာကြင်လိုက်တာ Kitရယ်.....
ဒါပေမဲ့ ပြောခွင့်မှမရှိပဲ...အစကတည်းက သူနဲ့ကိုယ်ဟာ On screen loverသက်သက်ဖြစ်ခဲ့တာပဲ....
ကိုယ်နဲ့ Kitနဲ့ဟာ တစ်လမ်းလျှောက်နေကြပေမဲ့ ကိုယ့်ရဲ့စိတ်က အစကတည်းကမင်းရဲ့နောက်ကိုပဲလိုက်နေခဲ့တာပါ....
အနည်းဆုံး ကိုယ့်အပေါ်မှာမင်းရဲ့ခံစားချက်လေးနည်းနည်းလောက်ဖြစ်ဖြစ် ရှိနေဖို့မျှော်လင့်ခဲ့ဖူးပါတယ်...အတူတူဖြတ်သန်းခဲ့ကြတဲ့နှစ်တွေကိုယုံကြည်လို့ အတူတူရရှိခဲ့တဲ့ ဆုလေးတွေကိုယုံကြည်လို့ ကိုယ့်အပေါ်ဆိုးနွဲ့ခဲ့တဲ့မင်းရဲ့အပြုအမူလေးတွေကိုရူးသွပ်ခဲ့လို့...အနည်းဆုံးမင်းရဲ့အနားလေးမှာရှိခွင့်ရဖို့ကို ကြိုးစားခဲ့ပါတယ်Kitရယ်...
ကိုယ်နဲ့အခုလေးတင် စင်ပေါ်တက်ပြီးယူခဲ့တဲ့ Coupleဆုလေးဟာ သိပ်ကိုအကျည်းတန်သွားပါရော့လား...
ကိုယ့်နဲ့ဆင်တူဝတ်ထားတဲ့ မင်းရဲ့ဝတ်စုံဟာ သူမဝတ်စုံနဲ့လုံးဝပင်လိုက်ဖက်မှုလဲမရှိပါရောလား....
မင်းတို့နှစ်ယောက်တရားဝင်တွဲနေပြီလို့ ကြေငြာလိုက်တဲ့အချိန်ဟာ ကိုယ့်ရင်ထဲကိုစစ်ခင်းလိုက်သလို အက်စစ်နဲ့ပက်လိုက်သလို ရက်ရက်စက်စက်နာကြင်သွားရတာ ကိုယ်ကလွဲပြီးဘယ်သူမှသိနိုင်မှာမဟုတ်ဘူးKitရယ်.... ကိုယ့်ဘက်ကသာ Kitကိုတစ်ဖက်သတ်ချစ်ခဲ့ရသူမလို့ပါ.....
YOU ARE READING
Behind the Scene (One shot collections)
FanfictionSing Krist...One Shotလေးတွေပဲရေးမှာပါ..❤️❤️