တိုကျိုမြို့၏ညမြင်ကွင်းသည် မီးရောင်စုံကြားနှင်းတဖွားဖွားဖြင့် အလွန်တရာမှလှပဖွယ်ကောင်းလှသည်။ ခရစ်စမတ်ပိတ်ရက်ဖြစ်သည်ကြောင့် လမ်းပေါ်တွင် လူအများဖြင့်စည်ကားလျက်ရှိသည်။ ဤသို့ပျော်ရွယ်ဖွယ်ကောင်းသောညတစ်တညတွင် မပျော်ရွှင်နိုင်သူကားSingto....
သူငယ်ချင်းအဆင့်မှချစ်သူသို့တက်ခဲ့ရပြီးတွဲတာလပိုင်းပင်ရှိသေးသော်လည်း ယနေ့လိုပျော်ရွှင်ဖွယ်ကောင်းမည့်အချိန်အခါမျိုးတွင် သူမဘက်မှသူငယ်ချင်းလိုသာပြန်နေကြရန် စတင်တောင်းဆိုလာခဲ့သည်။ ဒါသည်အလိမ္မာနည်းဖြင့် ပြတ်စဲရန်တောင်းဆိုသည်ကို Singtoနားလည်ပါသည်။ ငယ်ငယ်တည်းကပေါင်းလာသည့်သူငယ်ချင်းမလေးမလို့ သူမအကြောင်းသူကောင်းကောင်းသိပါသည်။
သူ့ဘက်ကခံစားချက်တွေမရိုးခဲ့သည်ကြောင့် လွန်ခဲ့သည့်လအနည်းငယ်ကဖွင့်ပြောခဲ့ရာ အားနာသည့်သဘောဖြင့်သူမဘက်ကတွဲပေးခဲ့သည်ကိုလည်းနားလည်ပါသည်။ အခုများတော့လည်း ဘာတတ်နိုင်အုံးမည်လဲ။ ဆွဲထားလို့မရသည့်သူကို ဇွတ်ဆွဲထားမည့်လူမျိုးထဲသူမပါ။ တွဲလာသည့်တလျှောက်လုံးလည်း သူငယ်ချင်းထက်မပိုသည့်အပြုအမူတွေနှင့်အမှတ်တရတွေသာရှိခဲ့သည်မလို့ ထွေထူးပြီးလွမ်းစရာလည်းမရှိ။ ဒါလည်းကောင်းပါတယ် မဟုတ်ရင် ရင်နင့်အောင်ခံစားနေရအုံးမယ်။ သူငယ်ချင်းဆိုတော့လည်း သူငယ်ချင်းလိုပေါ့ မဟုတ်လည်းသူငယ်ချင်းဆက်ဆံရေးပဲကို သိပ်လည်းခံစားမနေတော့ဘူး။ ထို့အတွက်သူမလေးအားစိတ်လည်းမဆိုးသလို အပြစ်မတင်မပါ။ကိုယ့်ဘက်ကသာစမှားခဲ့သူမလို့။
သူမနှင့်ညစာတူတူစားပြီး မြို့ထဲသို့တူတူလျှောက်ဖြစ်ကြသည်။ ဒါသည်သူတို့နှစ်ဦးလုံးအတွက် ဘာစိတ်အနှောက်မှမရှိသည့် ပုံမှန်ဆက်ဆံေးမျိုးသဲာပန်လည်ဖြစ်စေခဲ့သည်။ သူ့တိုက်ခန်းပြန်ရောက်တော့ တိုက်ခန်းရှေ့ တံခါးလက်ကိုင်လေးတွင်ချိန်ထားသော အိတ်လေးတစ်ခု။
"ဘယ်သူလာပေးသွားပါလိမ့်?"
အိတ်လေးကိုယူလိုက်ကာ အခန်းထဲရောက်တော့မှ အဝတ်အစားလဲပြုပြီးအိတ်လေးကိုယူကြည့်မိသည်။ အရင်ဦးစွာကဒ်လေးတစ်ကဒ်ထွက်လာသဖြင့် ဖွင့်ဖတ်ကြည့်လိုက်တော့ လက်ရေးဝိုင်းဝိုင်းလေးဖြင့်ရေးထားသည့် စိတ်လှုပ်ရှားစရာစာလေးကြောင့် တစ်ချက်ပြုံးမိသွားသည်။
YOU ARE READING
Behind the Scene (One shot collections)
FanfictionSing Krist...One Shotလေးတွေပဲရေးမှာပါ..❤️❤️