Found Love❤️

1.7K 96 1
                                    

" Kit ! Kit !"

"ဟင်? ...ဗျာ !"

"အော် ဒီကလေးနှယ့် ခေါ်မကြားအော်မကြားပါလား? ဘာတွေဒီလောက်တောင် အာရုံများနေရတာတုန်း ? လာလာ မိတ်ကပ်ပြင်ရတော့မယ် "

Krist တစ်ယောက်Baby Bright ကြော်ငြာအတွက်ဓာတ်ပုံရိုက်ဖို့ စတူဒီယိုသို့ရောက်ရှိနေခြင်းဖြစ်သည်။ P'Yuyuiမနက်သွားခေါ်ပြီး ကားပေါ်ကတည်းကKrist တစ်ယောက်မျက်နှာ မသာမယာဖြစ်နေသည်ကိုသတိထားမိသည်။ ဘာကြောင့်လဲလို့တော့ မမေးမိ။ ကိုယ်ရေးကိုယ်တာကိစ္စနှင့် အလုပ်ကိစ္စကခွဲထားရမည်မလား? စတူဒီယိုရောက်သည်အထိ စိတ်နှင့်လူနှင့် မကပ်သဖြင့်P'Yuiyu အသိပေးနေရသည်မှာလည်းအကြိမ်ပေါင်းမနဲတော့။မိတ်ကပ်ပြင်တော့လည်းအရုပ်လေးတစ်ရုပ်ပမာ တိတ်ဆိတ်လို့နေသည်။

Krist POV

မိတ်ကပ်ပြင်နေရင်း မနေ့ညကတည်းကငြိမ်သက်နေသည့် ဖုန်းလေးကိုခဏထုတ်ကြည့်မိသည်။ Instagram ခဏလေးဝင်ကြည့်လိုက်တော့ တွေ့ပြန်ပြီ...ဒီပို့စ်တွေ....ဖုန်းscreenပေါ်တွင်ရွေ့လျားနေသည့် လက်ချောင်းလေးများပင်ရပ်တန့်သွားရပြန်သည်။ ဘာကြောင့်ရယ် မသိ သူ့ရဲ့အောင်မြင်နေမှုအတွက် ပျော်ရွှင်ပေးရမည်လေ။ သူနှင့်ကျွန်တော်က ညီအကိုတွေမလား? သက်ပြင်းရှည်ကြီးချလိုက်မိသည်။

"ဟူး....."

ဟုတ်ပါတယ်။ ကျွန်တော်တို့က ညီအကိုတွေပဲ တစ်ယောက်နှင့်တစ်ယောက် အမြဲအားပေးနေရမည်။

"Krist...! အော် ဒီကလေးနှယ့် အာရုံစိုက်ပါအုံး အလုပ်ထဲ စိတ်ရောက်အုံး....လာလာ သွားမယ် မျက်နှာက ပျော်ပျော်နေအုံး ....ဘယ်နှယ့်လုပ် ဒီနေ့မှ လဒမှိုင် မှိုင်နေရတာတုန်း ? "

နားမလည်နိုင်ပါဘူး ဟုတ်တယ်ကျွန်တော်ယနေ့မပျော်ရွင်နိုင်ဘူး။ အကြောင်းအရင်းလဲသေချာမသိပါ။ သေချာတာတစ်ခုကတော့ မနေ့ညကvideo
ကြည့်ပြီးကတည်းက စိတ်ထဲမှာ အောင့်သက်သက်နှင့် ခိုးလှုခိုးလှုဖြစ်နေသည်မှာ ယနေ့မနက်ထိပင်။
မနေ့ညက P'Sing ပို့ထားတဲ့ Lineကမက်ဆေ့လေးကိုကြည့်ပြီး စိတ်ထဲမှာကြိတ်ပြီးဝမ်းနည်းနေရသေးသည်။ ကျွန်တော်နှင့် P'Sing မတွေ့ဖြစ်တာ နဲနဲတော့ကြာပြီ။ ကျွန်တော်ကသတိရလို့ ဂိမ်းလေးဘာလေးအတူတူဆော့ရအောင် Lineက မက်ဆေ့ပို့သည်ကို အချိန်ပေးပါအုံးတဲ့လေ။ P'Sing တကယ် အမြင်ကပ်ဖို့ ကောင်းတယ်။

Behind the Scene (One shot collections)Tahanan ng mga kuwento. Tumuklas ngayon