>>>ch_0<<<...

1.6K 86 7
                                    

<zawgyi>

My Omega~

~~>>ch.0<<~~

စမတ်ကျကျ...
အရပ်မြင့်မြင့်...
oppaဆန်တဲ့မျက်နှာနဲ့
ခပ်ချေချေစတိုင်လ်ပါပေါင်းထားလို့ ကျွန်တော်က စော်တွေဝိုင်းနေတဲ့ SKBပေါ့လေ။

ထိုင်းနိုင်ငံရဲ့ အချမ်းသာဆုံးမိသားစု(၃)စုထဲက Alphaမျိုးရိုးစစ်စစ်ရဲ့ အကြီးဆုံးသား။
မိသားစုရဲ့အမွေဆက်ခံသူ။
ကျောင်းမှာလည်း နာမည်ကြီးတဲ့moon။
ရွယ်တူယောကျာ်းလေးတိုင်းရဲ့ အားကျခြင်းခံရသူ။
...စတဲ့ ဂုဏ်ပုဒ်တွေကလည်း တသီတတန်းနဲ့ပေါ့။

အနာဂတ်အတွက်ဆိုရင်လည်း ကျွန်တော်မမွေးခင်ကတည်းက အားလုံးကို မိဘတွေစီစဉ်ထားပြီးသား...

လုပ်ငန်းတွေကို ဦးစီးမယ်။
အဆင့်အတန်းတူမိသားစုက မိန်းကလေးနဲ့လက်ထပ်မယ်။
မိသားစုဂုဏ်ကို အကောင်းဆုံးကြိုးစားပြီး စောင့်ထိန်းမယ်။
ဒီအစီအစဉ်အတိုင်းလေး နေသွားရုံပဲ!

ကျွန်တော့်အသက်ဆယ့်ရှစ်နှစ်အထိ ဘဝကို အေးအေးချမ်းပဲဖြတ်သန်းခဲ့ရတာ။
ဘာအပူအပင်မှမရှိဘဲ...ပုံမှန်အတိုင်းလေး...

ဒါပေမယ့်...
တနေ့မှာပေါ့။
ကျွန်တော်လုံးဝမထင်ထားတဲ့အရာ ဖြစ်လာခဲ့တယ်...။

အဲ့နေ့က ကျွန်တော် အသက်၁၈နှစ်ပြည့်တဲ့နေ့...
အဖေ ကျွန်တော့်ကို ပထမဆုံးတခမ်းတနားပွဲထုတ်တဲ့နေ့...

၁၈နှစ်ပြည့်မွေးနေ့Partyက လူကြီးတွေနဲ့ အဖိတ်ခံထားရတဲ့mediaသမားတွေချည်းပဲမို့ ကျွန်တော် Hotelခန်းမရဲ့ တံခါးဝဆီထွက်လာခဲ့မိတယ်။
အရမ်းပျင်းစရာကောင်းနေလို့ ဆက်နေရင် အိပ်ပါပျော်တော့မလားပဲ!

လျှောက်လာရင်းနဲ့ နှာခေါင်းထဲတိုးဝင်လာတဲ့အနံ့တစ်ခု...
တသီးတခြားတည်းကွဲထွက်နေပြီး ထူးခြားလွန်းနေတယ်။

ဒီအနံ့က...ဘာပါလိမ့်?!

အသက်ရှူ မြန်လာတယ်။
ချွေးစေးတွေပြန်လာတယ်။
တကိုယ်လုံးကအကြောတွေ လှုပ်မရလောက်အောင် တောင့်တင်းလာတယ်။
ဒါက ပုံမှန်မဟုတ်မှန်းသိပေမယ့် ထွက်သွားဖို့အတွက် ဒီရနံ့က စွဲမက်လွန်းစရာကောင်းနေပြန်တယ်။

My Omega~Where stories live. Discover now