<zawgyi>
My Omega~
~~>>ch.2<<~~
ကြည့်စရာရယ်လို့ များများစားစားမရှိတဲ့အခန်းကိုတပတ်လှည့်ကြည့်လိုက်ရင်း လက်ထဲက luggageကို နံရံကပ်ဗီဒိုအသေးလေးထဲ မဆန့်မပြဲထိုးထည့်လိုက်မိတယ်။
ဗီဒိုက သေးလိုက်တာ!
နောက်နေ့မှ အကြီးတစ်လုံးဝယ်ထည့်ဦးမယ်။
အဲ...ဝယ်တော့ကော... အခန်းနဲ့ဆန့်ပါ့မလားပဲ?ကျွတ်...စိတ်ညစ်စရာကွာ!!
တနေ့လုံးပင်ပန်းနေလို့သာ နားစရာရအောင် အခန်းကို အမြန်ဌားလိုက်ရတာ။
တရေးအိပ်ပြီးပြန်နိုးလာတော့ အခန်းပုံက မျက်လုံးထဲမှာ သိပ်ဒေါင့်မကျိုးချင်တော့ဘူး!တသက်လုံး 5starအဆင့်အောက်မဆင်းတဲ့အခန်းတွေမှာနေလာတဲ့သူဆိုတော့ နှာခေါင်းပေါက်သာသာအခန်းကို အဆင်ပြေတယ်ဆိုတဲ့စိတ်မျိုး ၂နာရီထက်ပိုထားလို့မရဘူးဖြစ်နေတယ်။
ထားပါတော့လေ...
၃လစာပဲ ကြိုပေးထားရတာပါလေ။
နေကြည့်ပြီး အဆင်မပြေတော့မှပြောင်းတာပေါ့။
အခုလောလောဆယ်တော့ ဒီနေရာက ရွေးသမျှထဲမှာ အဆင်အပြေဆုံးပဲဟာ။ပြီးတော့ ကိုယ်က အိမ်ပေါ်က ဆင်းလာတဲ့လူမဟုတ်လား?
ထင်ထင်ပေါ်ပေါ်လည်း နေလို့မဖြစ်ဘူးလေ။ဟူး...
လေပူတစ်ချက်မှုတ်ထုတ်ရင်း နာရီကိုကြည့်မိတော့ 6:30p.m.ဒီလောက်တောင် အိပ်ပျော်သွားတာလား?
ညနေစာတောင် လွတ်သွားပြီ!!!
အင်း...အပြင်ထွက်ပြီးတစ်ခုခုစားရင်း ပတ်ဝန်းကျင်ကို တစ်ချက်လောက်ကြည့်,ကြည့်တာပေါ့။
အလာတုန်းက အိတ်ဆွဲရတာရယ်...
နေပူနေတာရယ်ကြောင့် အနီးနားမှာ ဘာတွေရှိတယ်ဆိုတာ သေချာတောင်မကြည့်နိုင်လိုက်ဘူး။ကိုယ့်အတွေးနဲ့ကိုယ် ကုတင်ခြေရင်းမှာချွတ်ထားတဲ့ ခြေအိတ်ကိုကောက်စွတ်နေတုန်း မျက်လုံးထဲဝင်လာတာက တံခါးသေးသေးလေး။
တံခါးနဲ့တောင်မတူပါဘူး...
လေးထောင့်ကွက်သေးသေးလေးမှာ လက်ကိုင်လေးပါနေတဲ့ပုံလိုမျိုးပဲ။ဒါက တကယ်ကော ဖွင့်လို့ရလို့လား?
ရုတ်တရက်သိချင်လာတာမို့ သေချာထပ်ကြည့်မိတော့ လက်ကိုင်ပေါ်မှာ လှည့်လို့ရတဲ့ ခလုတ်လေး...
ဒါက သော့လိုအလုပ်လုပ်တာဖြစ်မယ်!
YOU ARE READING
My Omega~
FanfictionTheory of loveမှာ Thirdရဲ့ proposeလုပ်နည်းတွေမှာ သူ့ကိုယ်သူယောကျာ်းလေးနေရာကပဲထားတာမို့ ဒီficရေးဖို့ Swanအနေနဲ့ ပိုကျိန်းသေသွားမိတယ်😁😁 Omegaနဲ့Alphaက ပုံသေဖြစ်မှရမှာလား? အမြဲတမ်းတသားမတ်တည်းကြီးဆိုတော့ ရိုးမနေဘူးလား?😉😉 ပုံစံလေးပြောင်းကြည့်ရင်ကော?�...