>>>ch.3<<<

495 50 6
                                    

<zawgyi>

My Omega~

~~>>ch.3<<~~

စကားတိုးတိုးကပ်ပြောနေကြရင်း ရုတ်တရက်လှည့်ကြည့်လိုက်တာမို့ Gun နံရံထောင့်မှာကွယ်ပုန်းလိုက်ရတယ်။
P'Tayနဲ့ သိနေကြတာလား?
ဘာလို့ ဒီလို စကားပြောနေကြတာလဲ?တစ်ယောက်နဲ့တစ်ယောက်ကပ်ပြီးတော့...

ဘာလို့လဲ?
P'Tayပြောတော့ လက်ထပ်ထားတာဆို!
ဘာလို့ P'Offနဲ့ တစ်ခုခုကြံစည်နေတဲ့ပုံပေါ်ရတာလဲ?

ခဏလောက်စောင့်ပြီး Gunနောက်တစ်ခါ ချောင်းကြည့်လိုက်တော့ နှစ်ယောက်လုံးမရှိတော့ဘူး။
အကွယ်ကထွက်ပြီး မျက်လုံးဝှေ့ကြည့်တော့လည်း မရှိတော့ဘူး။

ချက်ချင်းပျောက်သွားတာပဲ!
P'Tay ဘယ်ခေါ်သွားတာလဲ?ဘာလုပ်ဖို့လဲ? 0.0
သူ့မှာလည်း ရှိပြီးသားမဟုတ်လား?

လွန်ခဲ့တဲ့၅နှစ်လောက်ကတည်းက ဘယ်သူမှန်းတောင်မသိခဲ့တဲ့လူကို အခုမှပြန်တွေ့တာ...
သေချာတောင် မိတ်မဆက်ရသေးဘူး။
P'Tayနဲ့ ပါသွားတာတော့ မဟုတ်သေးဘူးလေ!

မဖြစ်ဘူး...
ဒီတစ်ခေါက်တော့ Gunလက်လျှော့လို့ မဖြစ်တော့ဘူး။

။...။

ထိုအချိန်...
Tay Tawan၏အခန်းတွင်းတွင်ဖြစ်သည်။...

"ဘယ်လိုဖြစ်လို့ ငါ့အခန်းထဲ ဇွတ်လိုက်ဝင်လာရတာလဲ?
ဘာလဲ? Heatဖြစ်နေတာလား?"
မေးရင်းနဲ့ ကြောက်သလိုလိုနဲ့ နံရံထောင့်ဆီပြေးကပ်နေတာမို့ Offအိတ်ထဲက ရှူဆေးပုလင်းနဲ့ ထုတ်ပစ်လိုက်မိတယ်။

"မင်းဂျီးတော်ကို Heatဖြစ်ပါလား...
ခုဏတုန်းက လိုက်ချောင်းနေတဲ့ အပုလေးကိုတွေ့လား?
သူက နည်းနည်း လန့်ဖို့ကောင်းနေတယ်။
ပုံမှန်ကော ဟုတ်ရဲ့လား?"

ခေါင်းကို လက်ညှိုးထိုးပြပြီး မေးနေတဲ့ Offကို Tayမျက်မှောင်ကုတ်ကြည့်လိုက်မိတယ်။

အပုလေးတဲ့။
ဒီအဆောင်မှာ အဲ့လိုဂုဏ်ရည်ညွှန်းစရာဆိုလို့ N'Gunပဲရှိတာ။
N'Gunကိုမေးတာများ...ပုံစံက အထိတ်တလန့်နဲ့...
သူကပဲ လန့်ရသေး!

"N'Gunမဟုတ်လား? ဘာဖြစ်လို့လဲ?"

"ခုဏက ငါတို့ကို ချောင်းကြည့်နေတာလေ။
မမြင်ဘူးလား?"

My Omega~Where stories live. Discover now