💖နှလုံးသား​လေးနဲ့ ယုံပါ💖 ep.....7

928 58 2
                                    

.....ဒီ​နေ့မင်းကို​ပြောင်းခဲ့ဖို့​ပြောထားတာ အဝတ်​အစား​တွေယူလာလား.....
.....တစ်​စုံပဲပိုယူလာတယ်​ ကျန်​တာ​တွေ​နောက်​​နေ့မှသယ်​မလို့.....
.....ပြီး​ရော ဟိုတခါအခန်းမှာပဲ မင်း​နေလိုက်​....
.....ဟုပ်​.....

>>>အိမ်​ပြန်​​ရောက်​​တော့ အခန်းထဲဝင်​နားရင်း ကိုယ့်​စိတ်​ကိုယ်​ပြန်​စမ်းစစ်​​နေမိသည်​ ကျ​တော်​ ခုတ​လော ဘာကိုအလိုမကျဖြစ်​​နေတာလဲဆိုတာကို​ဖြစ်​သည်​ ​တွေး​နေရင်းနဲ့ ​နေ့လည်​က Too နဲ့ Krist တို့မုန့်​ခွံ့​ကျွေး​နေသည်​ကိုမြင်​​ယောင်​လာသည်

*ငါ ဘာ​တွေ​တွေး​နေတာလဲ*

>>>ဝုန်းခနဲထထိုင်​ရင်း ​ဇော​ချွေးတို့ပါပြန်​လာသည်​ ဘာလို့သူ့အ​ကြောင်းက ပါလာရပြန်​တာလဲ  Krist ဆိုတာ ငါ လိုသလိုသုံးဖို့ ငှါးထားတဲ့ အလုပ်​သမားတ​ယောက်​ပဲမလား

*****

.....မင်း ​သေချာလုပ်​​နော်​ မင်းတွက်​ခွင့်​​ရေးများကြီးရှိတယ်​ ငါသိချင်​တာ သိရပြီးရင်​ မင်းဖြစ်​ချင်​တာ အားလုံးလုပ်​​ပေးမယ်​.....
.....😳.....

>>>ကား​မောင်းရင်​ တတွတ်​တွတ်​​ပြော​နေတဲ့ Singto ကိုကြည့်​ရင်းတကယ်​ကိုနားမလည်​နိုင်​ဖြစ်​ရသည်​ သူ့ကို စ​တွေ့တုန်းကထက်​ပိုပြီး နားလည်​ရခက်​လာသည်

.....မင်း အစမ်း​​ပြောကြည့်​စမ်း Krist.....
.....ဗျာ.....
.....သူနဲ့​တွေ့ရင်​ အလွဲလွဲအ​ချော်​​ချော်​မဖြစ်​​အောင်​ ခုစမ်း​ပြောကြည့်​လို့.....

>>>ဟူး စိတ်​​တွေညစ်​လိုက်​တာ​နော်​ မထူးပါဘူး​လေ သူ​ပေးထားတဲ့ကတိအတိုင်းငါဖြစ်​ချင်​တာ လုပ်​​ပေးမှာဆို​တော့ ကြိုးစားရမှာပဲ စိတ်​ကို တင်းလိုက်​ပြီး ခနငြိမ်​ကာ မျက်​လုံးထဲမှာ Singtoကို P'Too အဖြစ်​ မြင်​​ယောင်​လိုက်​သည်​ ပြီး​တော့ Singto ကိုမျက်​လုံးချင်းဆုံ​အောင်​ ​သေချာစိုက်​ကြည့်​ရင်း P'Too ကို​ပြောချင်​ခဲ့တဲ့စကား​တွေအားလုံး ​ပြောချလိုက်​သည်

.....ငါ မင်းကို ချစ်​တယ်​ ခုမှမဟုပ်​ပါဘူး ပထမဆုံးစ​တွေ့တည်းက မင်းကင့ကိုအချိန်​ပြည့်​စိုးမိုးထားခဲ့တာ အဲ့ဒီ​နောက်​ပိုင်း ငါမင်းနဲ့ပဲ​တွေ့ချင်​​နေမိတယ်​ မင်းအသံလေးပဲကြားချင်​​နေမိသလို မင်းမျက်​နှာ​လေးပဲ အချိန်​ပြည့်​လွမ်း​နေမိတာပါ င့ကို မင်းဘဝထဲလာဖို့ လက်​ခံ​ပေးနိုင်​မလားဟင်​.....
.....💖.....

💖နှလုံးသား​လေးနဲ့ ယုံပါ💖Where stories live. Discover now