💖နှလုံးသား​လေးနဲ့ ယုံပါ💖 ep.....3

1.2K 62 2
                                    

>>>ဆိုင်​ကပြီးပြီလို့ဖုန်းဆက်​တာနဲ့ Krist ကို​ခေါ်ဖို့ပြန်​လာခဲ့သည်​ သူToilet ဝင်​​နေတယ်​ဆိုလို့ ခုံမှထိုင်​​စောင့်​​နေတုန်း ထွက်​လာတဲ့ Krist​ကြောင့်​ခနမျှ​ငေးမိသွားသည်​ စ​တွေ့တုန်းကလို အူတူတူပုံစံ​လေးမဟုပ်​​တော့ပဲ ဆွဲ​ဆောင်​မှုအပြည့်​ရှိ​နေတဲ့ Krist​ကြောင့်​ သ​ဘောကျစွာတချက်​ပြုံးလိုက်​မိသည်​ ကျသင့်​​ငွေကိုရှင်းပြီးတာနဲ့ Krist ကို ​မော်​ဒန်​လ်​သင်​တန်းဆရာမ Koe Koeဆီ​ခေါ်လာခဲ့သည်

>>>သင်​တန်းပိတ်​ပြီဖြစ်​​သော်​လည်း ကျ​တော်​အကူအညီ​တောင်းထားလို့​ဆရာမက စောင့်​​နေ​ပေးတာဖြစ်​သည်​ Kristက​တော့ ကျ​တော်​ခိုင်းသမျှနားမလည်​​ပေမဲ့ အလုပ်​ပြုတ်​မှာ​ကြောက်​ပြီး လိုက်​လုပ်​ရှာသည်​ သူ့ကို တရက်​နှစ်​ရက်​အတွင်းအရာအားလုံးစမတ်​ကျ​အောင်​လုပ်​​ပေးမှဖြစ်​မည်

.....P ဆရာမက နားမယ်​တဲ့.....
.....ဪ ဟုပ်​သားပဲ ဟင်​ ၁၁နာရီ​တောင်​ထိုးပြီပဲ.....

>>>လူကိုခိုင်းချင်​ရာ ခိုင်းပြီး ခုမှနာရီကြည့်​ကာ အံသြပြ​နေသည်​ ငါ​လျှောက်​ခဲ့တဲ့အလုပ်​က သတင်း​ထောက်​ပါ ဘယ့်​နှယ့်​ခုမှ​မော်​ဒန်​လ်​လမ်း​လျှောက်​သင်​​နေရတယ်​လို့ သင်​တန်းဆရာမနဲ့သွားပြီးနှုတ်​ဆက်​​နေတဲ့ Singto ကိုကြည့်​ပြီး မျက်​​စောင်းထိုးလိုက်​သည်​ မတတ်​နိုင်​ဘူး​လေ ငါဖြစ်​ချင်​တာဖြစ်​လာဖို့အတွက်​​တော့ သည်းခံရမှာပဲ

.....ကဲ အချိန်​မရှိ​တော့ဘူး မင်းကိုအိမ်​ပြန်​ပို့​ပေးမယ်​ မင်းအိမ်​က ဘယ်​မှာလဲ.....
......(€£#&).....
......ဘာ မြို့ပြင်​က​နေ​တောင်​​တော်​​တော်​​ဝေး​တဲ့​နေရာပဲ မထူး​တော့ပါဘူး ဒီည င့အိမ်​ပဲလိုက်​အိပ်​လိုက်​​တော့ ​နောက်​​နေ့မှ ​စော​စောပြန်​....

>>>အကုန်​သူ့သ​ဘော သူ့ဆန္ဒချည်းပါလား ငါကသူဝယ်​ထားတဲ့အရုပ်​လား ငြင်းခွင့်​​တောင်​မ​ပေးပဲ ​သော့ကိုင်​ပြီးကား​ပေါ်တက်​သွားတဲ့ Singto ဆိုတဲ့လူကြီးကို ဒီတခါနဲ့ဆို ဘယ်​နှစ်​ကြိမ်​​မြောက်​ မျက်​​စောင်းထိုးမိပြီလဲ မသိ​တော့

💖နှလုံးသား​လေးနဲ့ ယုံပါ💖Donde viven las historias. Descúbrelo ahora