💖နှလုံးသား​လေးနဲ့ ယုံပါ💖 ep.....8

914 61 2
                                    

>>>ကျ​တော့ရဲ့ရည်​ရွယ်​ချက်​အတွက်​ မဖြစ်​မ​နေမို့ အလုပ်​ဆက်​ဆင်း​နေခဲ့ပေမဲ့ Singtoဆိုတဲ့လူကို မရှိတဲ့သူတ​ယောက်​လိုပဲ သ​ဘောထား​နေလိုက်​သည်​ Singtoက သူ့အမှား​ကြောင့်​ ဘာမှမ​ပြော​ပေမဲ့ အရိပ်​တကြည့်​ကြည့်​လုပ်​​နေသည်

.....P'Too ဒီမင်းသားကို ကျ​တော်​ အင်​တာဗျူးရမယ်​ဆို.....
.....အင်း​လေ Kit လုပ်​နိုင်​တယ်​မလား.....
.....ဟုပ်​.....

>>> P ကျ​တော့ကို ​ခေါ်လိုက်​တာ Kit တဲ့လား ရင်​ထဲမှာ ကြည်​နူးသလိုလို ​ပျော်​သလိုလို ခံစားရသည်​ Pနဲ့အတူတွဲလုပ်​ရလို့လားမသိဘူး ကျ​တော်​​ပျော်​​နေမိသည်​ ထူးထူးဆန်းဆန်းဒီ​နေ့ Singto အလုပ်​ကိုမလာဘူး ကျ​တော်​လဲ ပြသနာဖြစ်​ပြီးတည်းက သူ့အိမ်​မှာလဲမ​နေဖြစ်​​တော့ဘူး

.....​ဟေး ဘာ​တွေ​တွေး​နေလဲ P ​ပြော​နေတာမကြားဘူးလား.....
.....ဗျာ ကျ​တော်​ အ​တွေးလွန်​သွားလို့ မကြားလိုက်​ဘူး.....
.....Pနဲ့ လိုက်​ခဲ့ပြီး ပီဇာ လုပ်​မလားလို့.....
.....ဗျာ P တကယ်​​ပြောတာလား......
.....အင်း.....
.....ဟုပ်​ လိုက်​မယ်​​လေ.....

>>>ကျ​တော်​ရင်​​တွေခုန်​​နေတယ်​ ခများတို့သိမှာ​ပေါ့ ကိုယ့်​ Crhရဲ့ အနားမှာ ရှိ​နေခွင့်​ရတဲ့ ခံစားချက်​ကို Pအိမ်​ကို​ရောက်​​တော့ ပီဇာအတူလုပ်​ကြရင်း ​စ​နောက်​ရင်း​ပျော်​​​​နေကြသည်

.....ကဲ သုံး​ဆောင်​လို့ရပါပြီခင်​ဗျ.....
.....😊.....

>>>စားပွဲ​အောက်​က ထိုင်​ခုံကို ဆွဲထုတ်​ပြီး လက်​တဖက်​ကကမ်းရင်း​ပြောလိုက်​တာ​ကြောင့်​ Pကို ပြုံးပြပြီး ဝင်​ထိုင်​လိုက်​သည်​ Pက ​ဘေးကခုံးမှာထိုင်​ရင်း Pသင်​​ပေးတဲ့အတိုင်း ကျ​တော်​လက်​တည့်​စမ်းထားတဲ့ ပီဇာကိုစားကြည့်​လိုက်​ပြီး မျက်​နှာရှုံ့မဲ့သွားသည်​ ပြီးမှ ပြိုင်​တူရယ်​လိုက်​ပြီး ကျ​တော့ရဲ့မ​ကောင်းမကန်း ပီဇာကိုဆက်​စားလိုက်​ကြသည်

>>>စားလို့ပြီးခါနီးမှ Pက ကျ​တော့မျက်​နှာကို ​သေချာစိုက်​ကြည့်​​နေတာမို့ မ​နေတတ်​ဖြစ်​ပြီး မျက်​နှာကို ​ယောင်​ပြီး စမ်းကြည့်​လိုက်​မိ​တော့ Pကပြုံးပြီး မတ်​တပ်​ရပ်​လိုက်​ကာ ကျ​တော့မျက်​နှာနားကပ်​လာတာမို့ လန့်​ပြီး​နောက်​ဆုတ်​လိုက်​မိသည်​ Pကကိုယ်​ကိုကိုင်းပြီး ကျ​တော့ ​မေး​စေ့မှာ ကပ်​​နေတဲ့ ခရမ်းချဉ်​သီးဖတ်​ကို ဖယ်​ကာ ပြန်​ထိုင်​​တော့မှ ရှက်​ပြုံး ပြုံးပြလိုက်​သည်

💖နှလုံးသား​လေးနဲ့ ယုံပါ💖Tempat cerita menjadi hidup. Temukan sekarang