Episode 6

93 22 17
                                    

"အခုပြန်"

"မပြန်ဘူး"

"ကောချန်ချန်!!"

ရှီအန်းမြို့အဝေးပြေးBus Stationလေးရဲ့ ခရီးသည်များအတွက်လုပ်ပေးထားတဲ့ အမျိုးသားသန့်စင်ခန်းနားမှာ စိမ်းပုပ်ရောင်ဂျာကင်အင်္ကျီကို အဖြူရောင်တီရှပ်အပေါ်ကထပ်ဝတ်ထားပြီးအနားဖွာနေတဲ့အမည်းရောင်ဘောင်းဘီရှည်ကို ဝတ်ဆင်ကာ ကျောပိုးအိတ်တလုံးလွယ်ထားတဲ့ ပိုင်ယွီကသူ့အရှေ့မှာရပ်နေတဲ့ ကောချန်ချန်ကိုစိတ်အလိုမကျစွာ ကြည့်နေသည်။ ၂လသာလိုတော့သောစားမေးပွဲကို သူလုံးဝအရေးမစိုက်တော့ဘဲ အဝတ်အစားအနည်းငယ်နဲ့ စုထားတဲ့မုန့်ဖိုးအနည်းအကျဉ်းကိုယူပြီး အိမ်ကသူထွက်လာခဲ့တာဖြစ်သည်။ သူဒီမှာအဖိုးနဲ့ဆက်ပြီး မနေနိုင်တော့။ မနေချင်တော့။ ယောကျာ်းဖြစ်သူအလုပ်လုပ်ရာ ဟန်ကျိုးမြို့ကိုလိုက်သွားရတိုင်း အိမ်သော့အပိုတချောင်းကို သူ့လက်ထဲထည့်ပေးသွားတတ်တဲ့ မားမားယန်းကို ကိုယ်တိုင် ကိုယ်ကျနှုတ်မဆက်ခဲ့ရပေမဲ့ ပေးခဲ့တဲ့အိမ်သော့လေးကိုတော့ ခြံဝန်းထဲပြန်ပစ်ထည့်ပေးခဲ့သည်။

သူအခုလိုစာမေးပွဲမဖြေဘဲအိမ်ကထွက်သွားတာကို မားမားယန်းသိရင်လည်းခွင့်ပြုမှာမဟုတ်တာသေချာသည်။ ပြီးတော့သူ့အဖိုးကလွဲပြီးကျန်တဲ့သူ့ကိုသနားချစ်ခင်ကြတဲ့လူတွေက သူ့ကိုလုံးဝထွက်သွားခွင့်ပြုမှာမဟုတ်တာမို့ အားလုံးကိုနှုတ်မဆက်ဘဲ သူထွက်လာခဲ့တာဖြစ်သည်။ ကောချန်ချန်၊ကျူးဟုန်နဲ့ဝမ်အန်းတို့ကိုတောင် နောက်ဆုံးအနေနဲ့သူတခါလေးတောင်သွားမတွေ့ခဲ့။ ဒါပေမဲ့အခုတော့သူ့ရှေ့မှာ သူမထင်ထားမိတဲ့သူကရောက်နေသည်။

ဒီကောင် ကောချန်ချန် သူထွက်သွားမဲ့အချိန်ကိုဘယ်လိုသိတာပါလိမ့်?????

"ငါနဲ့ပြန်လိုက်ခဲ့ပါ ပိုင်ယွီ။ မင်းဒီလိုထွက်သွားလို့မရဘူးလေ။ စာမေးပွဲက၂လပဲလိုတော့တာလေကွာ"

ကောချန်ချန်ကတောင်းပန်းတိုးလျိုးသောလေသံဖြင့် ပိုင်ယွီအားတားမြစ်နေပေမဲ့ ပိုင်ယွီကတော့သူ့ဆုံးဖြတ်ချက်သူပြင်ဖို့ စိတ်ကူးမရှိတော့။ သူပြန်လှည့်ဖို့စိတ်ကူးမရှိတော့ဘူး။

More and More Donde viven las historias. Descúbrelo ahora