part_1

53.5K 2.3K 103
                                    

အပြစ်…မွေးဖွားလာတဲ့အပြစ်
အပြစ်…ထိုထိုလူတွေရဲ့လက်ညိုးထိုးခံလောက်
ရအောင်…ရှင်သန်နေရတဲ့အပြစ်
အပြစ်'…သိုးဖြူ တွေကြားထဲမှာသိုးမဲဖြစ်နေခြင်း…အပြစ်…ဒါမှမဟုတ်…ရတနာတွေကြားထဲ
မှာကျောက်ခဲဖြစ်နေခြင်းအပြစ်…ဒါတွေအား
လုံးကျွန်တော်လုပ်ယူခဲ့ရတာတစ်ခုမှမပါဘဲ
ကံတရားကကြိုးဆွဲခဲ့တာဆိုရင်ရော…လူတွေ
ပြီးပြည့်စုံတဲ့လူတွေကြားထဲမှာ…အားနည်းချက်တစ်ခုကြောင့်…ကျွန်တော်ဟာပစ်ပယ်ခြင်းခံ
ခဲ့ရတယ်…မျက်ရည်တစ်စက်ကျတိုင်း'.
သက်ပျင်းလေးတစ်ခါချတိုင်းကျွန်တော့ခံစားချက်ကိုလူတွေနားလည်ပေးစေချင်တယ်

************************************

မနက်မိုးလင်းကျောင်းတက်ဖို့အကုန်လုံးအဆင်သင့်…မိတ်ကပ်ပါးပါးလေးတောင်မလိမ်း
ပေါင်ဒါတစ်မူန့်တောင်မတင်ပဲ'…ကျွန်တော်ဟာလှရက်နိုင်သူပါ…နူတ်ခမ်းဆိုးဆေးတွေ
အမေခေါ်လောက်ရအောင်လေးထောင့်ပုံစံ
နူတ်ခမ်းနီထွေးထွေးကထိရက်စရာမရှိ…အညို
ရောင်တောက်တောက်မျက်ဝန်းများသည်…
သမင်ပျိုတို့အရူံးပေးရသည်…ဖြူ သည်လည်း
မဟုတ်ညိုသည်လည်းမကျ…ရွှေရောင်လို
အသားအရေလှပမူ့သည်…ရှားပါးလှသည့်အလှတစ်မျိုး…နဖူးပေါ်ဝေ့ကျနေသည့်ဆံနွယ်
အုံအုံကောက်ကောက်လေးတစ်ချို့ ကြောင့်
ကျွန်တော်ဟာအလှနတ်ဘုရားတစ်ပါးပင်
ခန္ဓာကိုယ်ကြည့်ဦးမလား…လက်တံခြေတံ
ရှည်ရှည်သွယ်သွယ်နဲ့ဖယောင်းရုပ်ထုထားသလို…ခါးသိမ်သိမ်…ကကြည့်ကောင်းလှစွာ
သာမာန်အမျိုးသားတို့ရခဲလှသောအလှတစ်ချို့
သည်…သူထံပါး၌သာဖြစ်တည်သည်
ဆုတောင်းကောင်းခဲ့သည်လား
ဒါမှမဟုတ်
ဆုတောင်းမှားခဲ့သည်လား

သူကိုယ်ကိုသူကြည့်ကာအကျေနပ်ကြီးကျေနပ်နေမိသည်…ထ်ု့နောက်အောက်ထပ်ကိုသာ
ခြေဗလာဖြင့်အတင်းပြေးဆင်းလာခဲ့သည်

အောက်ထပ်မှာတော့လူတွေတော်တော်စုံ
ပြီပေါ့…APPA…OMMA…နဲ့ညီမလေး
ဒါတွေကသူများအမြင်မှာမိသားစု
ဖြစ်ပေမဲ့သူတို့မိသားစုပဲသိတဲ့အမှန်တရားက
သူကမွေးစားသားပင်…ညီမလေးကတော့သူကို
မွေးစားပြီးမှမွေးလာခြင်း…ညီမလေးကိုသွေသားရင်းမို့ပိုချစ်တာမပြောလို…သူကိုကျွေး
မွေးစောင့်ရှောက်လာခဲ့တာပင်ကျေးဇူးတင်မဆုံး

Purple(Complete)Where stories live. Discover now