One

1.5K 47 1
                                    

"အားးးးး"

"သား Copter..ဘာ..ဘာဖြစ်တာလဲသား"

"သားလေး ဘာဖြစ်လာတာလဲ Porကိုပြော"

"Por..ဟင့်....Mae"

Porနဲ့ Mae လို့ခေါ်ရင်း ရင်ခွင်ထဲတိုးဝင်ပြီး ချုံးပွဲချငိုကြွေးနေသော သားဖြစ်သူကြောင့် Mr Panuwat နှင့် ဇနီးဖြစ်သူတို့ ခြေမကိုင်မိလက်မကိုင်မိ ဖြစ်ကုန်ကြသည်။ အိမ်အောက်ထပ်တွင် Mr Panuwat သတင်းစာဖတ်နေတုန်း အိမ်အပေါ်ထပ်တွင် ပစ္စည်းကျကွဲသံများ ကြားရ၍ အိမ်ပေါ်ထပ်ကို ပြေးတက်ကြည့်မိတော့ ကြမ်းပြင်တွင် ပန်းအိုးကွဲစများနှင့် ပစ္စည်းများပြန့်ကျဲနေပြီး အလယ်တွင် ထိုင်ရက်ကလေးနှင့် ငိုကြွေးနေသော သားဖြစ်သူကြောင့် မိဘနှစ်ပါးလုံးအံ့သြနေမိသည်။ အိမ်အကူများကို ဖန်ကွဲစများရှင်းလင်းခိုင်းပြီး အသည်းအသန်ငိုကြွေးနေသော သားဖြစ်သူအနားကိုသွားတော့ မိဘနှစ်ပါးကိုဖက်ရင်း ငိုကြွေးနေလေရဲ့။ တစ်ဦးတည်းသောသားလေး ဖြစ်တဲ့အပြင် ချုပ်ချယ်စရာမလိုအောင် လိမ္မာပြီးပျော်ပျော်နေတတ်တဲ့ ကလေးက အခုလိုရှိုက်ကြီးတငင်ငိုကြွေးနေတာ ဘာကြောင့်လဲဆိုတာ Mr Panuwat အရမ်းကို သိချင်နေမိသည်။

"သား Por ကိုပြော..သားကို အခုလိုငိုအောင် ဘယ်သူလုပ်လိုက်တာလဲ အဲ့လူ့ကို Por သွားသတ်မယ်"

"ဟင့်အင်းး Por သားတောင်းပန်ပါတယ်..သား Porတို့ကို အရှက်ရစေမိပြီ..ဒါပေမယ့် သားးး..သားသူ့ကို တကယ်ချစ်မိသွားတာ"

"သားလေးက ချစ်မိသွားတာ ဘယ်သူ့ကိုလဲသားရဲ့..Maeတို့က ဘာကြောင့်အရှက်ရစေမှာလဲ..သားချစ်ရင်Maeတို့ တောင်းရမ်းပေးမှာပေါ့"

"အေးလေကွာ..ဒါများငိုစရာလိုလို့လား"

"မဟုတ်ဘူး..Porတို့ထင်သလိုမဟုတ်ဘူး..သား..သားချစ်မိနေတာ ယောက်ျားလေးတစ်ယောက်..သူ့ကို..
သူ့ကိုတစ်ကယ်ချစ်မိနေတယ်ဆိုတာ ဒီနေ့မှ..သိခွင့်ရတာ"

"သားချစ်တဲ့သူက ယောက်ျားတစ်ယောက်ဖြစ်နေလို့ စိတ်တိုနေတာလား..Por သားကို ဘာပြောထားလဲ..သားရဲ့ပျော်ရွှင်မှုက Porတို့ရဲ့ ပျော်ရွှင်မှုပဲလေ..သားဘာပဲဖြစ်ဖြစ်Porတို့လက်ခံပေးမှာပါ"

အဖြူရောင်စီးချင်း(Completed)Where stories live. Discover now