Two

733 33 1
                                    

"ကို"

"Pang အဆင်ပြေရဲ့လား"

"ပြေပါတယ် ကို..ကို..Pangကို စိတ်ကုန်နေပြီလား"

"ဘာလို့လဲ Pang ရဲ့..ကိုကဘာလို့ Pangကို စိတ်ကုန်ရမှာလဲ"

"Pang က ကို့အတွက် ဇနီးတာဝန်မကျေပွန်ဘူးလေ"

"အော် မင်္ဂလာဦးည ကိစ္စကိုပြောတာလား"

"အာ..ကိုကလဲ ဘာလို့အဲ့လို ဒဲ့ကြီးပြောရတာလဲ..ရှက်စရာကြီး"

  Kim စလိုက်လို့ဖြူဖျော့ဖျော့ မျက်နှာလေးမှာ ပန်းရောင်သန်းသွားတဲ့ ဇနီးလေးကိုကြည့်ရင်း Kim ပြုံးမိသည်။ ဇနီးဖြစ်သူ Pang က မွေးရာပါနှလုံးရောဂါပါလာသူဖြစ်ပြီး ချစ်စရာအလွန်ကောင်းသူ။ Kim နဲ့ ဟိုးငယ်စဉ်ဘဝကတည်းက သူငယ်ချင်းတွေဖြစ်ခဲ့ကြတယ်။ ကျောင်းပြီးသွားတော့ ချစ်သူတွေဖြစ်လာကြရင်း သုံးနှစ်အကြာမှာ လက်ထပ်ဖြစ်ခဲ့တယ်။ Pang က နူးညံ့သိမ်မွေ့ပြီး အရမ်းချစ်စရာကောင်းသလို Kim ကိုလဲ နားလည်ပေးနိုင်လွန်းသူတစ်ယောက်။ Pang ရဲ့ကျန်းမာရေးကြောင့် မင်္ဂလာဦးညကို မဖြတ်သန်းရပေမယ့် Kim စိတ်ထဲ ဘယ်လိုမှမနေ။ Pang ကတော့ Kim ကို အားနာနေလေရဲ့။

"Pang ကို ပြောတာကို သေချာနားထောင်နော်"

"Kha"

"ကိုက Pang ရဲ့ခန္ဓာကိုယ်ကို ချစ်တာမဟုတ်ဘူး..Pang ကိုချစ်တာ..အဲ့အတွက်ကြောင့် ကို့ကိုအားနာစရာမလိုဘူး"

"နားလည်ပေးတဲ့အတွက် ကျေးဇူးပါ ကို"

"ကျေးဇူးတင်စရာလိုလို့လားကွာ"

"သမီးနဲ့သား..သား Kan လာတယ်"

"Khrap..P Kan Sawade Khrap"

"Wade..N Pang ကို စစ်ဆေးမလို့ပါဗျ"

Kan ရဲ့စကားကြောင့် တစ်အိမ်လုံး ပွဲကျကုန်သည်။ Kan က Kim နဲ့ Pang တို့ရဲ့ Family Doctor။ အရင် ဆရာဝန်ကြီး အနားယူသွားလို့ တာဝန်ကို Kan ဆီလွှဲပြောင်းပေးခဲ့သည်။ Kan နဲ့ Kim တို့သိလာတာ ငါးနှစ်ရှိပြီဆိုတော့ ညီအကို၊မောင်နှမတွေလို ဖြစ်နေကြပေပြီ။

"P အခြေအနေ"

"စိုးရိမ်စရာမရှိပါဘူး N..မနေ့က မင်္ဂလာပွဲကြောင့် ပင်ပန်းသွားတာပါ"

"ကျေးဇူးပါ ထမင်းစားပြီးမှပြန်နော်"

"အေးပါကွာ..N မကျွေးလဲ အတင်းဝင်စားမယ့်ကောင်ပါကွ"

အဖြူရောင်စီးချင်း(Completed)Where stories live. Discover now