"Ai Kim!!"
"ဟေးးး Ai Tae ဘယ်တုန်းကပြန်ရောက်လဲ"
"ဒီမနက်ပဲ နေ့လည်စာစားပြီးပြီလား"
"မစားရသေးဘူး အခုပဲသွားမလို့ကွ"
"ငါ ဝယ်ကျွေးမယ်ကွာ ဆိုင်တစ်ဆိုင်သွားရအောင်"
"အေး သွားကြတာပေါ့"
Kim နဲ့ Tae တို့ အနီးအနားကဆိုင်မှာပဲ နေ့လည်စာစားနေကြသည်။
"Ai Goxxd ဒီမှာမရှိဘူးဆို"
"အေးကွ သူ့အလုပ်ကိစ္စတစ်ခုနဲ့ ချင်းမိုင်ရောက်နေတယ်"
"မင်းမင်္ဂလာဆောင်ကို ငါမလာရတာ စိတ်မကောင်းဘူး"
"ရပါတယ်ကွာ..ဒါနဲ့မင်းPor သက်သာလား"
"အေး တော်သေးတယ်ကွာ သက်သာသွားလို့ ဒါနဲ့ Pang ကအိမ်မှာပဲပေါ့"
"အင်း"
"သူရောသက်သာရဲ့လား"
"ဒီလိုပါပဲကွာ..ဂရုစိုက်နေရတာပေါ့"
မှာထားသော စားစရာများလာချ၍ တဒင်္ဂတိတ်ဆိတ်သွားလေသည်။
"Ai Kim!!မင်းမိန်းမအတွက် နှလုံးအလှူရှင်ရှာကြည့်ပါလား"
"ရှာကြည့်တာပေါ့ကွာ..ဒါပေမယ့် Pang ရဲ့နှလုံးနဲ့ကိုက်ညီတာက ရှာမတွေ့သေးဘူး"
"အင်း ငါလဲဝိုင်းရှာပေးပါ့မယ်"
"ကျေးဇူးကွာ"
"အချင်းချင်း ကျေးဇူးတင်စရာလား"
ထိုစဉ်ဆိုင်ထဲကို ဝင်လာသော ကောင်လေးတစ်စုကြောင့် Tae ၏မျက်ဝန်းတို့ ထိုမြင်ကွင်း၌သာ ဖြစ်တည်နေသည်။ ဆိုင်ထဲသို့ ဝင်လာသော ကောင်လေးသုံးယောက်မှာ ဆရာဝန်လောင်းတွေ ဖြစ်ပုံရပြီး ဂျူတီကုတ်လေးတွေ လက်ပေါ်တင်ထားသည်။ ဖြူဖွေးနေသော အသားအရေများနှင့် အပြုံးချိုသော ကောင်လေးများ။
"Ai Tae!!မင်းမျက်လုံးကြီးလဲ ဟိုစားပွဲဝိုင်းထဲကို ကျွတ်ကျသွားဦးမယ်"
"သူတို့က ဆရာဝန်လေးတွေလား"
"ဆေးကျောင်းသားတွေထင်တယ် ဒီဆိုင်က ဆေးကျောင်းနဲ့ မျက်စောင်းထိုးဆိုတော့"
"ဟုတ်လား.."
Tae တို့ကြည့်နေစဉ် ထိုကောင်လေးတွေဝိုင်းသို့ မိန်းကလေးတစ်ယောက် လျှောက်လှမ်းလာတာကို မြင်ရသည်။ ထိုစဉ် ကောင်လေးတစ်ယောက်က လှည့်ကြည့်လာပြီး မိန်းကလေးကို ပြုံးပြရင်း နှုတ်ဆက်လိုက်သည်။ သူ၏အပြုံးကြောင့် လှစ်ခနဲပေါ်လာသော ပါးချိုင့်ထင်းထင်းလေးက Tae မပြောနှင့် Kim သည်ပင် ငေးခနဲ ဖြစ်မိရသည်။
YOU ARE READING
အဖြူရောင်စီးချင်း(Completed)
Short Storyအဖြူရောင်ချစ်ချင်း ဆင်တူနေပေမယ့်... စာရေးဆရာတစ်ယောက်မဟုတ်ပါဘူး..Kimcop ကိုချစ်လွန်း၍ Fanfic အနေနဲ့ရေးမိခြင်းပါ😘။