"ခွဲစိတ်မှု အောင်မြင်ပါတယ်"
"ကျေးဇူးပါ ဒေါက်တာ"
ဆရာဝန်ဆီက အောင်မြင်သည်ဆိုသော အသံကြားမှ Kim တို့ပြုံးနိုင်ကြသည်။ ထိုအချိန်တွင် Tee ဆီမှဖုန်းဆက်သံကြား၍ Kim တစ်ယောက် ပြန်တိတ်ဆိတ်သွားလေသည်။
"Hello.. Ai Cop..P Pang ခွဲစိတ်မှုအောင်မြင်တယ်.. အေး"
Cop ဆိုသည့်အသံကြား၍ Kim မျက်နှာပျက်သွားသည်ကို စောင့်ကြည့်နေသူ နှစ်ယောက်လဲရှိနေသည်။ ဒီလိုနဲ့ Pang ကို ဆေးရုံစောင့်ပေးသူကစောင့်ပေး၊ ပြန်သူကပြန်နှင့် ထိုတစ်နေ့တာ ကုန်ဆုံးသွားခဲ့သည်။ နောက်တစ်နေ့တွင်လဲ Pang အခြေအနေကိုလာကြည့်ကြသည်။ သို့သော် Cop ပါမလာခဲ့ပေ။ ထိုအရာကို ရိပ်မိသွားသူမှာ Kan ဖြစ်လေသည်။
"ဟိုလေ N တို့အဖွဲ့မှာ နောက်တစ်ယောက်ရှိသေးတယ်မလား N Cop ဆိုလား..သူမပါဘူးလား"
ဒီတစ်ခါမျက်နှာပျက်သွားသူမှာ Kim မဟုတ်ပဲ Bas နဲ့ Tee သာဖြစ်သည်။ Tee ကိုအရိပ်တကြည့်ကြည့် ရှိနေတတ်သည့် Tae အံ့သြနေမိသည်။ Tee သည် လူရှေ့တွင် အမြဲပြုံးနေတတ်သူ၊ စိတ်ညစ်စရာရှိလဲပဲ မျက်နှာတစ်ချက်မပျက်ဘူးပေ။ အခုမျက်နှာက မသာမယာဖြစ်နေသောကြောင့် Kim ရှိနေတာကို ဂရုမစိုက်မိပဲ မေးခွန်းတွေမေးဖြစ်သည်။
"Baby..N Cop တစ်ခုခုဖြစ်လို့လား..ဘာဖြစ်လို့လဲ"
"ဘာမှမဖြစ်ပါဘူး"
"ဘာမှမဖြစ်ရင်ဘာလို့ Baby မျက်နှာက အဲ့လောက်ပျက်နေရတာလဲ..ကို့ကိုမလိမ်နဲ့"
Tee ကလဲ ပြန်ဖြေမည့်ပုံမပေါက်၊ Tee ကိုမျက်နှာတစ်ချက်အညှိုးမခံတဲ့ Tae ကလဲ အတင်းမေးနေသည်။ ကြာရင်ပြသနာတက်မည်စိုး၍ Bas ကပဲအလျင်အမြန်ဝင်ဖြေလိုက်သည်။
"Cop မနေ့ညက စင်ကာပူထွက်သွားပြီ"
"ဘာ!!"
"ဟမ်..ဘာလို့လဲ သူဒီမှာ ဘွဲ့ယူရမှာမလား..စာမေးပွဲက"
"ကျွန်တော်တို့ လွန်ခဲ့တဲ့နှစ်ရက်ကမှ စာမေးပွဲပြီးသွားတာ သူထွက်သွားတာ ကျွန်တော်တို့ကိုလဲ အသိမပေးဘူး မနက်က P Pang ဆီလာဖို့ ဝင်ခေါ်မှ သူ့မိဘတွေပြောလို့သိတာ"
"ဟိုမှာပါရဂူဘွဲ့ယူမယ်ဆိုတဲ့ အကြောင်းပြချက်နဲ့လေ ကျွန်တော့်ကိုပြန်ခွင့်ပြုပါဦး မနက်ဖြန်မှလာခဲ့ပါ့မယ်"
YOU ARE READING
အဖြူရောင်စီးချင်း(Completed)
Historia Cortaအဖြူရောင်ချစ်ချင်း ဆင်တူနေပေမယ့်... စာရေးဆရာတစ်ယောက်မဟုတ်ပါဘူး..Kimcop ကိုချစ်လွန်း၍ Fanfic အနေနဲ့ရေးမိခြင်းပါ😘။