Data တွေအကုန် ခိုးယူလိုက်နိုင်ပြီဆိုတာနဲ့ စက်ကို အလျင်စလို ပိတ်လိုက်သည်။ ကျောပိုးအိတ်ထဲ မြန်နိုင်သမျှ မြန်အောင် ထိုးထည့်ပြီး ထိုနေရာကနေ ထွက်ဖို့ ပြင်ရတော့သည်။ တွက်ထားသည့် အချိန်ထက် မိနစ်၂၀ လောက်နောက်ကျ နေပြီမို့ သူ့အဖွဲ့သားတွေ ဝင်စီးနေပြီ လားတောင်ထင်ရသည်။
အစောင့်အကြပ်တွေ များပြားလွန်းတာမို့ Baekhyun အနေ နဲ့ ရှောင်ရှားပြီး သွားရတာက သိပ်အဆင်မပြေ။ အဆောက်အဦး၏ အခြေအနေက ငြိမ်သက်နေဆဲမို့ သူ့အဖွဲ့သားတွေ မလှုပ်ရှားသေးဘူးဟု ယူဆရမည်။
နီးစပ်ရာ Kitchen တစ်ခုကို တွေ့တော့ ပန်းကန်တင် တွန်းလှဲစင်အနား ပြေးပုန်းလိုက်ရသည်။ အငွေ့တစ်ထောင်းထောင်း ထနေသော စွပ်ပြုတ်ပန်းကန်က သူ့မျက်နှာအနားမှာပင်။ ပန်းကန်စင်၏ အဝတ်ဖြူချထားသော အောက်ထပ်သို့ ကျောပိုးအိတ်ကို ထိုးထည့်လိုက်သည်။ Kitchen boy တစ်ယောက်သည် အသားကင်ပန်းကန်ကို ကိုင်ရင်း အနားသို့ လျောက်လာခဲ့သည်ကို မြင်တော့ Baekhyun Kitchen အပြင်ဘက်ထွက်၍ ပုန်းအောင်းလိုက်ရသည်။
နားအတွင်းမှ Bluetooth ကို တစ်ဖန်ပြန်ဖွင့်တော့ နားဝင်ဆိုးလှသော အဆဲသံနှင့်အတူ ကြိုဆိုခံလိုက်ရသည်။
" မင်းအဘ ဘောမို့ နားကြပ်ကို ပိတ်လိုက်ရလား!
Oh Sehun၏ ဒေါသသံနှင့် စိုးရိမ်မှုလွန်ကဲနေသော အသံဖြစ်သည်။
" ဟင်.. အသဲလေးကလည်း စိတ်ကြီးပဲကွာ! ကိုယ်က ဒီမှာ အရေးကြီးကိစ္စ လုပ်နေရတာ.. တစ်ဖက်က အသဲလေး အသံနဲ့ဆို ကိုယ်အာရုံစိုက်လို့မရဘူး "
ပြောလည်းပြော kitchen boy အနောက်ကိုလည်း သိုသိုသိပ်သိပ်နဲ့ လိုက်ရလေသည်။
" ခွေးကောင်!! နောက်ဆယ်မိနစ်မှ မင်းမထွက်လာရင် ငါဒီအဆောက်အဦးကို ဆော်တော့မို့နော် !!"
Baekhyun ထိတ်ကနဲ ဖြစ်သွားရ၏။
" ဟာ... ဟေ့ကောင် စိတ်ထိန်းပါဦး!
ငါ ငါငါ အခု ထွက်ခဲ့ဖို့ ပြင်နေပါတယ်ကွ!
ဒီထဲမှာ ငါတို့ ကျွန်းက အကောင်တွေထက် ဆယ်ဆမက ကြီးတဲ့ လက်နက်ပြင်းတွေရှိတယ်ဆိုတာ မမေ့နဲ့ဦး!! ငါလေးက မင်းအစ်ကိုနဲ့ အခုထိ Lovey Dovey လေးတွေ ကျေနပ်အောင် လုပ်ရသေးတာ မဟုတ်ဘူး"