" ဒါ မင်းပေးနိုင်တဲ့ ဆင်ခြေအကုန်ပဲလား"
" ......"
" Byun Baby.. !!!"
Baekhyun သည် ခေါင်းငုံ့လျက် Chanyeol ရှေ့ အပြစ်ဝန်ခံနေသလို ထိုင်နေသည်။
Chanyeol ပုံစံသည် ဆူရင်လည်း မကောင်း၊ မဆူရင်လည်း မကောင်း ဖြစ်နေသည့် ခံစားရ ခက်နေသော အနေအထားဖြစ်နေသည်။
သူ့ရှေ့တွင် ထိုင်နေသော ဘေဘီသည် တစ်ချိန်က ဖြူစွတ်နေကာ လုံးလုံးလေး။ ယခုတော့ မဲလုံးလေး ဖြစ်နေသည်။
ယခင် ဟောလိုးဝင်းပါတီကတင် ဖြူဖြူဖွေးဖွေးနဲ့ သုံးရက်မကြာဘူး နေလောင်ထားသော မဲလုံးလေး ဖြစ်နေခဲ့သည်။ သူသွားရာသို့ မခေါ်လို၍ ဟိုတယ်မှာပဲ ကောင်းကောင်းမွန်မွန် ထားခဲ့တာကို ပြန်လာတော့ နေလောင်နေသည်မှာ ရိုက်ချပစ်ချင်စရာလေး ဖြစ်နေသည်။ အစောင့်အကြပ်တွေ ဒီလောက် ထူနေတဲ့ ကြားက Byun Baby တစ်ကောင်ဟာ ဘယ်နားက လစ်ထွက် သွားရတာလဲ။
" မင်းကို ဒီလောက်ကြည့်နေတဲ့ကြားက ဘာလို့ လစ်ထွက်သွားတာလဲ... "
ထိုအခါ စူတူတူနဲ့ ပြန်ဖြေလာသည်။
" ကျွန်တော်က ကလေးမှ မဟုတ်တာကို.. ဘာလို့ လိုက်ကြည့်ခိုင်းနေရတာလဲ "
" သြော်... ကလေးမဟုတ်ဘူးပေါ့ .. ဟိုဘက်ကစားကွင်းအထိ ကလေးတစ်အုပ်နဲ့ သွားကမြင်းနေတာက ဘယ်က ကောင်လဲ!!"
Baekhyun မျက်နှာသည် စူပုပ်နေဆဲ ဖြစ်သည်။ Chanyeol ရှေ့တည့်တည့်တွင် ထိုင်နေရသော်လည်း မျက်လုံးချင်း မဆိုင်ရဲ။ နေလောင်ထားသော လက်လေးတွေကို အချင်းချင်း လိမ်ယှက်ရင်းသာ နှုတ်ခမ်း ဆူနေမိသည်။
" ဒါက... ကမြင်းတာ မဟုတ်ပါဘူး။ သူတို့က လူလိုနေတယ်ဆိုလို့... သွားကူညီပေးတာ.. "
" စေတနာတွေ အရမ်းကောင်းနေတာပဲ။ သူတို့ လိုအပ်နေတယ်ဆိုတာနဲ့ ချက်ချင်း ရေသေနတ်ကိုင်ပြီး လိုက်သွားတယ်ပေါ့ "
" ခွီ... "
ခပ်လှမ်းလှမ်း နေရာကနေ Sehun ၏ ရယ်သံက ထွက်လာခဲ့သည်။ Baekhyun မျက်စောင်းသည် Sehun ထံသို့ ဒိုင်းကနဲ။
Sehun က လက်ထဲမှစာအုပ်ကို ထောင်ပြရင်း ဆိုလာသည်။
" မရည်ရွယ်ပါဘူး... စာအုပ်ထဲမှာ ရယ်စရာပါလာလို့ !"
![](https://img.wattpad.com/cover/192376999-288-k659918.jpg)