Y/N : " ဘာ!!! ဘာမှမမှတ်မိဘူးဆိုတာ ဘာသဘောလဲ??"
စိတ်ငြိမ်အောင် ခဏထိန်းလိုက်ပြီး အခုတော့ sofa ပေါ်မှာ နှစ်ယောက်သား စကားပြောနေတာပေါ့
Jungkook : " ကျွန်တော့်နာမည်က Jungkook ဆိုတာဘဲ သိတယ် ကျန်တာဘာမှမသိတော့ဘူး........"
Y/N : " ဒီထဲကို ဘယ်လိုရောက်လာတယ်ဆိုတာလဲ မသိဘူး??"
Jungkook : " umm....ကျွန်တော် မျက်စိဖွင့်လိုက်တာနဲ့ ဒီကိုရောက်နေတာ"
သူရှုးများရှုးနေတာလား ဆိုတဲ့အကြည့်လေးနဲ့ဘဲ ကြည့်နေမိတယ်
Y/N : " Woah....အဲ့တာက....."
သူကို့ယုံရမှာလား......?ဒါပေမဲ့ သူကအမှန်တိုင်းပြောနေတယ်လို့ ခံစားနေရတယ် ဒီခံစားချက်ကြီးက.....
Y/N : " ဒီနားခဏထိုင်နေနော်.."
သူပြန်ဖြေမှာကို စောင့်မနေဘဲ sofaပေါ်ကနေအမြန်ထလိုက်တယ်
အိပ်ခန်းထဲကိုဝင်သွားပြီး ခေါင်းအုံးအောက်ကို စမ်းကြည့်လိုက်တော့ ခေါင်းအုံးအောက်မှာ ဘာမှမရှိတော့ဘူး......
တချက်လောက်ပြုံးမိလိုက်တယ် " အေးလေ မှော်အစွမ်း ဆိုတဲ့ အရာတွေကမရှိပါဘူး... အဲ့ကောင်လေးခိုးသွားတာဘဲနေမှာပါ....."
ဧည့်ခန်းဖက်ကို ပြန်ဆင်းသွားတဲ့အခါ ခုဏကကောင်လေး အူကြောင်ကြောင်လေးနဲ့ ထိုင်နေတာပေါ့.....
Y/N : " umm.... နာမည်က ဘယ်လိုလဲ....? sorry မေ့သွားလို့"
Jungkook : " ........Jungkook"
Y/N : " .......Aww......Okay စိတ်တော့မကောင်းပါဘူး ဒါပေမဲ့ ကျွန်မရှင့်ကို ဒီမှာနေခိုင်းလို့တော့ မဖြစ်ဘူး ဘာလဲ ဖြစ်ဖြစ် ရှင်က သူစိမ်းတယောက်ဆိုတော့လေ......"
YOU ARE READING
Enchanted {unicode/zawkyi}(Completed)
FanfictionMAGIC IS REAL......🔮🔮🔮🔮🔮🧙🏻♀️🧙🏻♀️🧙🏻♀️🧙🏻♀️ Available in both Zawkyi and Unicode Since it's a translate book,each chapter will be long and I add both Zawkyi and Unicode in one so it's became really long....Hope y'all can understand me...