True love နဲ့ ဒုတိယလူ
အပိုင်း(10)The End
''ကြွေ. . . . .
''ရှင့်အသံကိုမကြားချင်ဘူး. . . .
''ကြွေရယ် ကို့ကိုအဲ့လောက်မုန်းတာလားဟင်. . .
''အဲ့တာထက်ပိုတယ်. . .
''ကြွေရယ်. . .
မျက်နှာထားတင်းတင်း ခပ်ပြတ်ပြတ် ပြောစကားအဆုံးမှာတော့ လင်း ခေါင်းငိုက်ဆိုက်ကျ သွားသည်. . .
''ကို အရင်က မင်းအပေါ် အရမ်းဆိုးခဲ့တယ် အဲ့တာတွေက ကို့နားမှာ မင်းအမြဲရှိနေဖို့ကြိုးစားခဲ့ရင်းအမှားတွေပါကုန်တာ. . .
''ရှင်ပြောသလို ကျ မ ဖြစ်ချင်တဲ့သူနဲ့ဖြစ်ပီးမှ ရလာတဲ့ ဒီကလေးကို ရှင့်သမီးပါဆိုပီး ခုမှ လာပြောနေတာလဲ. . . .
''မပြောပါနဲ့တော့ ကိုတကယ် တောင်းပန်ပါတယ် မင်းကိုမောင်မောင်နဲ့တွဲတွေ့တွေ့နေရတော့ ကို အရမ်းသဝန်တိုလွှန်သွားတာပါ ကိုမင်းကို ဘယ်သူနဲ့မှ ပတ်သတ်တာမကြိုက်ဘူး. . . အစထဲက ကို အတ္တကြီးခဲ့တာ. . .
''ကြွေရုပ်လွှာ ဆိုတဲ့မိန်းမက ရှင့်အမွှေတွေကို သုံးဖြုန်းနေပါဦးမယ် ရှင် လာကပ်တာကြည့်ကပ် အဲ့မိန်းမက ကောင်းတာမဟုတ်ဘူး. . .
''မရွှဲ့ ပါနဲ့တော့ကြွေ ရယ် ကိုတို့အတူတူပြန်နေရအောင်နော် ကို့သမီးလေးနဲ့တူတူပြန်နေခွင့်ပေးပါ. . .
''အဟင်း. . . ရှင်အရမ်းလည်တာပဲ ရှင်ဖြစ်ချင်တာကို ချောင်ပိတ်ရိုက်ပီးတောင်းဆိုနေတယ် Sorryပဲရှင်နဲ့ကျမ လုံးဝပြန်မပေါင်းနိုင်ဘူး. . . . ကျမသမီးဆီပြန်ပို့ပေးပါ. . .
''ဟင့်အင်း ကြွေ ကိုနဲ့တူတူလာနေမယ်လို့ကတိပေးမှ ကိုလွှတ်ပေးမယ် . . . .
''တောက် . . . ရှင်. . . . .
''. . . . တီတီတီ. . . .🎵🎶🎵🎶🎵🎶🎵🎶🎵🎶🎶🎶🎵🎶🎵🎶🎶🎶🎵. .
ဖုန်းဝင်လာသဖြင့် လင်း ကကောက်ကိုင်လိုက်သလိုကြွေကလဲတိတ်သွားသည် ။လင်းက ဖုန်းကိုသူ့ရှေ့မှာမပြောပဲ အခန်းပြင်သို့ထွက်ပြောပီးမှပြန်ဝင်လာသည်
''ကြွေ. . . . . ကိုအပြင်ခနသွားဦးမယ်. . .
''. . . . . . . . . .
VOCÊ ESTÁ LENDO
True love နဲ့ဒုတိယလူ
Romanceမင်းက ငါ့အတွက် အိမ်ဖော်တစ်ယောက်ပဲ မင်းက ငါ့အတွက် အိမ်ဖော်တစ်ယောက်ပဲ