True loveနဲ့ ဒုတိယလူ
အပိုင်း(၉)
"ပန်း. . . ငါ ကိုလင်းနဲ့တွေ့ခဲ့တယ်. . . .
''ဟင်. . ဘယ်တုန်းကလဲ. . .
''မနေ့က. . . သမီးပါပါတယ်. . .
''ဟာ. . . ဘာတွေဖြစ်သွားသေးလဲ . . . သူက လေ အခုအရမ်းအောင်မြင်တဲ့စီးပွားရေးသမားတစ်ယောက်ဖြစ်နေပီသိလား. . . . . . .
''ကြွေ သိပါတယ် ပြန်တွေ့လိမ့်မယ်လို့ မထင်မိဘူး ပီးတော့အိမ်ရောက်တယ်ဆို သမီးက ဒါရိုက်မေးတာ နင်လဲ သိတဲ့အတိုင်း ပန်းရယ် သမီး က အရမ်းကိုလည်တာ . . ,နောက်တစ်ခါတွေ့ရင် ငါသူတို့၂ယောက်ကို ခွဲလို့ရပါ့မလားပဲ သွေးကစကားပြောတယ်ဆိုတာ ဟုတ်မယ် သမီးကတော်ရုံလူအကိုင်ခံတာမဟုတ်ဘူးစကားပြောတာလဲမဟုတ်ဘူး သူကိုတွေ့တော့ လေ စကားလဲပြောတယ်သိလား အတင်းသူ့ဘက်က ကာကွယ်ပီးပြောပေးနေတာ. . .
ကြွေပြောပြလိုက်တော့ ပန်းက....
''သွေး ကစကားပြောတာပေါ့ ကြွေရယ်. . . .
''ငါ ငါ ပြန်လာတာ မှားသွားပီလား. . . .
''မဟုတ်တာကြွေရယ် . . .နင့်မာနလေးနဲနဲလျှော့. . . .
''နင်နော်. . . . ခု ဘယ်သူဘက်ကလဲ. . .
''မဟုတ်ဘူးကြွေ. . . သူ နင့်ကိုတကယ်ချစ်တာ. . .
ကြွေ မျက်နှာကို မဲ့ပစ်လိုက်ပီး...
''ဘာ ချစ်တာလဲ အပိုတွေ တစ်ကိုယ်ကောင်းသမား သူသိသူတက် သူပဲအမြဲမှန်နေတဲ့သူ. . . .
''စိတ်လျှော့ ပီးခဲ့တာတွေမေ့လိုက်ပါတော့ သူလဲ သူ့အပြစ်သူသိလို့လိုက်တောင်းပန်နေတာပဲဟာ. . . နင်ပျောက်သွားတော့လေ သူအရူးတစ်ယောက်လိုပဲ. . . နင်ပုံကိုပြပြီး လူတိုင်းလိုက်မေးနေ တာသိလား. . .
''ခိုင်းဖော် ခိုင်းဖက့ ကျွန်ကောင်းပျောက်သွားလို့ ယောက်ယက်ခတ်တာပါ. . . .
''နင်အဲ့လိုတွေးရင်မှားတာပေါ့ကြွေ. . .
'တော်ပါတော့ ငါ သူ့အကြောင်းကိုမကြားချင်ဘူး ငါ သမီးကိုသွားကြိုရဦးမယ် ပြန်တော့မယ်. . .
ကြွေ အတင်း စကားဖြတ်ပစ်ပီးထထွက်လာခဲ့သည်။
''သမီး. . . မှတ်မိလား. . .
KAMU SEDANG MEMBACA
True love နဲ့ဒုတိယလူ
Romansaမင်းက ငါ့အတွက် အိမ်ဖော်တစ်ယောက်ပဲ မင်းက ငါ့အတွက် အိမ်ဖော်တစ်ယောက်ပဲ