[Unicode]အချိန်တွေတော်တော်လေးကြာမှ ပြန်ရောက်တာဖြစ်ပေမယ့် စိမ်းသက္မနေဘဲ ရင်းနှီးနေတဲ့ ဒီခံစားချက်။ လူသူမရှိတဲ့ လမ်းကြားလေးထဲက ကောက္မယ့်သူမရှိတဲ့ မေဘယ်ရွက်တွေ၊ အရင်လိုမဟုတ်ဘဲ တိတ်ဆိတ်နေတဲ့ စာသင်ဆောင်တွေ၊ အိုဟောင်းနေပြီဖြစ်တဲ့ ခုံတန်းငယ်လေး။ သူငေးကြည့်နေမိတယ်....
အရင်တုန်းက သူနဲ့အတူ ဒီခုံတန်းလေးမှာထိုင်ရင်း သူသဘောကျတဲ့ သီချင်းတွေအကြောင်းပြောခဲ့ကြတယ်။
အချိန်တွေကိုမေ့လျှော့ရတဲ့အထိအောင် အကြည့်ချင်းဖလှယ်ခဲ့ဖူးတယ်။ ရင်ခုန်စေမယ့် စကားတွေကိုလည်း တစ်ယောက်နဲ့တစ်ယောက် မသိမသာပြောခဲ့ကြဖူးတယ်။ဒါပေမယ့်ဒါတွေအားလုံးဟာ အမှတ်တရသက်သက်ပါပဲ Joon...
___________________________________
ဒီနေ့ကတော့ သူ့ရဲ့ စိတ်အလှုပ်ရှားရဆုံးနေ့တစ်နေ့။ မနက်ကတည်းက မှန်ရှေ့ရပ်ကာ ပြင်ဆင်နေသည်မှာ အခုထိစိတ်တိုင်းမကျသေး။ ဝတ်လိုက်ချွတ်လိုက်ဖြင့် ကုတင်ပေါ်တွင် အပုံလိုက်ဖြစ်နေသော အဝတ်များမှာလဲ ပွစာကျဲလျက်။
' အားးး!!! ဘာဝတ်ရမှန်းမသိတော့ဘူး။အင်္ကျီတွေကလည်း တစ်ထည်မှဝတ်စရာမရှိဘူး။ စိတ်ညစ်လိုက်တာ။ တော်ပြီ T-Shirtနဲ့ Jeanပဲဝတ်သွားတော့မယ် '
နှစ်နာရီလောက် အပင်ပန်းခံရွေးပြီးတဲ့နောက်မှာတော့ T-Shirt နှင့် skinny jeanနဲ့သာ အဆုံးသတ်သွားတော့သည်။
' ဟဲ့။ သမီး ထမင်းစားသွားလေ။ အစောကြီးရှိသေးတာကို "
' ဟုတ် စားမှာပါမေမေရဲ့။ ဘယ်လိုလဲ။ သမီးဝတ်ထားတာ အဆင်ပြေလား '
' ပြေတာပေါ့။ လာလာ ထမင်းလာစားလိုက်။ ပြီးမှသွားရင်အတော်ဘဲ။ '
' ဟုတ် '
'နေပါဦး ကျောင်းတက်နေတာ ပထမဦးဆုံးတက်ရတဲ့ ရက်လည်း မဟုတ်ဘဲနဲ့ကို ဘာတွေများဒီလောက် စိတ်လှူပ်ရှားနေရတာလဲ '
' မဟုတ်ပါဘူး... မေမေကလည်း ဒီတိုင်း စိတ်ထဲမှာပျော်နေလို့ '
' အင်းပါ ဒါဆိုလည်းပြီးရော... ဖြည်းဖြည်းချင်းစားနော်... အချိန်တွေအများကြီးကျန်သေးတယ် မေမေတော့ ဆိုင်သွားတော့မယ် '

YOU ARE READING
SWEET MEMORIES /Kim NamJoon
Fanfictionအမှတ်တရတွေ အားလုံးဟာ သူ့ကိုသတိရစေဖို့ ရည်ရွယ်ခဲ့တယ်ထင်ပါရဲ့။ အခုကိုယ်သွားနေတဲ့ နေရာတိုင်းဟာ သူ့ပုံရိပ်တွေချည်း စိုးမိုးထားနေတယ်။