လူတစ်ယောက်က အမြဲတမ်းမပြည့်စုံနိုင်ဘူးတဲ့၊ ဒါကိုကိုယ်မထောက်ခံချင်ဘူး။ ဘာလို့ဆို ဂျွန်းကအမြဲတမ်း ပြည့်စုံတဲ့လူတစ်ယောက်ဖြစ်နေလို့ပဲ။
ကိုယ့်ရဲ့ တစ်ဖတ်သတ်အချစ်တွေဟာ သူရဲ့စတင်မိတ်ဖွဲ့မှုကနေ အစပြုခဲ့တယ်။ နှလုံးသားထဲကို တဖြည်းဖြည်းခိုးဝင်လာတဲ့သူ့ကို နက်နက်ရှိုင်းရှိုင်းချစ်မိသွားတဲ့ အချိန်ကျမှ သတိထားမိခဲ့တယ်။ မေ့ပစ်ဖို့ကတော့ အရမ်းကိုနောက်ကျနေခဲ့ပြီလေ...။
_____________________________
' မေမေ၊ သမီးသွားတော့မယ်နော် '
ဒီနေ့က မနက်ပိုင်းpracticalရှိတာမို့ မြန်မြန်ဆန်ဆန်ပြင်ဆင်ပြီးတာနဲ့ Eco bagကိုဖြစ်သလိုကိုင်ကာ ကမန်းကတမ်းပြေးရတော့သည်။
' စောစောပြန်လာဦးနော်၊ မနေ့ကလိုဖြစ်နေမယ် '
' ဟုတ်! '
မေမေအော်ကာ သတိပေးမှ မနေ့ကအဖြစ်ကို ပြန်အမှတ်ရသွားတော့သည်။ မနေ့က အပြန်နောက်ကျတာကြောင့် အပြေးတပိုင်းကားမှတ်တိုင်ကိုသွားခဲ့ပေမယ့်လည်း လုံးဝကိုမမှီတော့။ ကားစောင့်တဲ့လူလည်း တစ်ယောက်မှမရှိတော့တာကြောင့် တစ်ယောက်တည်းကြောင်တောင်တောင်ဖြင့်သာ။
မထူးတော့တာမို့ Taxiခေါ်ရန်လုပ်နေတုန်း ခပ်လှမ်းလှမ်းမှ စက်ဘီးနင်းကာ လာနေသော ကင်မ်နမ်ဂျွန်း...။ မှတ်တိုင်ကိုတည့်တည့်လာနေသည်မို့ နည်းနည်းတော့ အားတက်သလိုရှိသွားသည်။ မဟုတ်ရင် တစ်ယောက်တည်းမလား။
' ဟွာယောင်း၊ အဆင်ပြေရဲ့လား၊ အရမ်းပြေးသွားလို့ ကိုယ်စိတ်ပူနေတာ '
' အဆင်မပြေဘူး၊ ကားကလွတ်သွားပြီ '
ကိုယ်ပြောလိုက်တဲ့ ပုံစံကြောင့်ထင်သည်... သူ့မျက်နှာလေးက ပြုံးယောင်သန်းသွားသည်။ ကိုယ့်အကျင့်အရဆိုရင် သေချာပေါက်ကို နှုတ်ခမ်းကစူပြီးသားပင်။ ဘာလို့ဆို ကိုယ်ကအလိုမကျတာရှိပြီဆိုရင် အရင်ဆုံးနှုတ်ခမ်းကစူလာတက်သည်ကိုး...။
' ဘာမှမဖြစ်ပါဘူး ဟွာယောင်းရဲ့၊ ကိုယ်Taxiခေါ်ပေးထားတယ်၊ ခဏနေရင်ရောက်လောက်ပါပြီ၊ မလာမချင်းကိုယ်စောင့်ပေးမယ်လေ '

YOU ARE READING
SWEET MEMORIES /Kim NamJoon
Fanfictionအမှတ်တရတွေ အားလုံးဟာ သူ့ကိုသတိရစေဖို့ ရည်ရွယ်ခဲ့တယ်ထင်ပါရဲ့။ အခုကိုယ်သွားနေတဲ့ နေရာတိုင်းဟာ သူ့ပုံရိပ်တွေချည်း စိုးမိုးထားနေတယ်။