FRIENDS

83 11 1
                                    

အမှန်ပြောရရင် ကိုယ်နဲ့သူက တကယ်မလိုက်ဖက်ဘူး။ သူက အရပ်ရှည်ရှည်၊ ရုပ်ချောချော၊ အသားခပ်လတ်လတ်နဲ့ အရမ်းဆွဲဆောင်မှုရှိတဲ့သူ၊ ပြီးတော့ မိန်းကလေးတိုင်းရဲ့ အိပ်မက်ထဲက မင်းသားလေး။

ကိုယ်ကတော့ သူနဲ့တစ်ခြားဆီပဲ။ ပုပုသေးသေးနဲ့ ထူးထူးခြားခြားဆွဲဆောင်မှုရှိတဲ့နေရာရယ်လို့မရှိဘူး။ အားလုံးကသာမာန်ပဲ။ ရှင်းရှင်းပြောရရင် ရွက်ကြမ်းရည်ကြိုလောက်ပေါ့။

သူနဲ့ကိုယ်ယှဉ်ပြီးလမ်းလျှောက်ကြရင် အရပ်ကအရမ်းကွာတယ်။ ဒါကို သူငယ်ချင်းနှစ်ယောက်က အမြဲစနောက်ကြပေမယ့် ကိုယ်စိတ်မဆိုးဘူး။ ပုံမှန်ဆို ကိုယ်ကအရပ်နဲ့ပတ်သတ်လာရင် အရမ်းစိတ်ထိခိုက်လွယ်တယ်။ ဒါပေမယ့်လည်း သူဖြစ်နေလို့ ထင်ပါရဲ့။ ကိုယ်စိတ်မဆိုးခဲ့ဘူး။

________________________________

အဲ့ဒီ့နေ့က ဂျီမင်လည်းကန်တင်းမှာရှိနေတာမို့ ကိုယ်တို့လေးယောက်ဆုံဖြစ်ကြတယ်။ ကိုယ်ကပဲ ဂျီမင်နဲ့ နမ်ဂျွန်းကိုမိတ်ဆက်ပေးဖြစ်ခဲ့တယ်။

ထမင်းစားကြတော့ ဂျီမင်က သူ့အကျင့်အတိုင်း ကိုယ့်ကိုဂရုတစိုက်နဲ့ အသားဖတ်ထည့်ပေးလိုက်၊ ရေယူပေးလိုက်နဲ့ပေါ့။ အမှန်တော့သူကကိုယ့်တစ်ယောက်တည်းရယ်မှမဟုတ်ဘဲ သူချစ်တဲ့သူတွေဆို ဒီလိုပဲအသေးစိတ်ကအစ ဂရုစိုက်နေကျ။ ဒါကို ကိုယ်တို့နှစ်ယောက်ကသိပြီးသားဆိုတော့ အေးဆေးနေနိုင်ပေမယ့် နမ်ဂျွန်းတစ်ယောက်ကတော့ မဟုတ်ခဲ့ဘူးပေါ့။

သူ့ခမျာ ထမင်းတစ်လုပ်စားမယ်လုပ်တိုင်း ဂျီမင်းလုပ်တာမှန်သမျှကို အံ့ဩတကြီးလိုက်ကြည့်နေရသေးသည်။ ကိုယ်က ' ဒီနေ့ဟင်းကို မကြိုက်လို့လား‌' လို့မေးတော့လည်း သူ့မှာ'မဟုတ်ပါဘူး၊ ကြိုက်ပါတယ်' တဲ့လေ။

နောက်တော့ ကိုယ်လည်း တခြားကိုအာရုံရောက်ပြီး သူဘာဖြစ်နေလဲဆိုတာကို မသိလိုက်ဘူး။ ကိုယ်တို့အားလုံးစားသောက်ပြီးသွားကြတော့ အိမ်ပြန်ဖို့လုပ်တယ်။ ပုံမှန်ဆို ဂျီမင်ကကိုယ်တို့နှစ်ယောက်ကို လမ်းကြုံရင်ဝင်ခေါ်တာမျိုးဖြစ်ဖြစ်၊ ကိုယ်တို့ကလာကြိုခိုင်းတာပဲဖြစ်ဖြစ်လုပ်နေကြဆိုတော့ ဂျီမင်ကားနဲ့ပဲပြန်လိုက်ကြတယ်။ ဂျွန်းကတော့ ထုံးစံအတိုင်း သူ့စက်ဘီးလေးနဲ့ အိမ်ပြန်သွားတယ်။

You've reached the end of published parts.

⏰ Last updated: Jul 11, 2020 ⏰

Add this story to your Library to get notified about new parts!

SWEET MEMORIES    /Kim NamJoonWhere stories live. Discover now