အတိတ်ကိုပြောင်းပြန်လှန်မယ် -1

6.9K 461 30
                                    

//Zaw//

ဝေဝူရှင်းဟာမျက်လုံးကိုအသာဖွင့်လိုက်တဲ့အချိန်သူ့ရဲ့မြင်ကွင်းဟာ မည်းမှောင်နေတာကိုတွေ့လိုက်ရသည်။

''ဘာလဲ မိုးချုပ်သွားတာလား မဖြစ်နိုင်တာ ငါခုနလေးတင်အမွှေးအိုးကိုစူးစမ်းနေတုန်းရှိသေးတာကို မှန်းစမ်း''

သူဟာမျက်လုံးတစ်ဝိုက်ကိုကိုင်တွယ်စမ်းကြည့်တော့မှဒါကဘာဆိုတာသိသွားသည်။

''အော် လက်စသတ်တော့ဒီလိုကိုး ဟင်းဟင်း''

ဝေဝူရှင်းဟာသူ့ရဲ့မြင်ကွင်းကိုပိတ်ဆို့ထားတဲ့အဝတ်စကိုဖယ်ရှားပြီးသူ့ကိုယ်သူပြန်ဆန်းစစ်ကြည့်သည်။

သူထင်သည့်အတိုင်းပါပေ။လက်ရှိအချိန်မှာဝေဝူရှင်းဟာရီလင်းအကြီးအကဲဖြစ်နေပြီးသူထိုင်နေသည်ကသစ်ပင်ထက်မှာ ပြီးတော့ မျက်လုံးကိုအဝတ်စည်းထားတယ်ဆိုတော့ကား

(ပရိသတ်အယောက်တစ်ရာရဲ့အဖြေက)

ဝေဝူရှင်းဟာအပြုံးလှလှဆင်မြန်းပြီးအဝတ်စကိုမျက်လုံးမှာပြန်စည်းလိုက်သည်။သူ့ဝတ်ရုံတွေကိုနဂိုထက်လျော့တိလျော့ရဲပြင်ဝတ်ပြီးဆွဲဆောင်မှုရှိရှိသစ်ပင်ထက်မှာပြန်မှီပြီးမကြာခင်ရောက်လာမဲ့သူ့ရဲ့အနမ်းဦးရှင်မောင်လန်ကျန့်ကိုစောင့်နေလိုက်သည်။

(ထင်မထားဘူး ဒီတစ်ခါအမွှေးအိုးကဒီအခြေအနေကိုပြန်ပို့ပေးမယ်လို့ ဒါမှမဟုတ် ငါ့ကိုအပေါ်စီးကနေများနေရာယူစေချင်လို့လားမသိဘူး ဟုတ်ပြီ ဒါပဲဖြစ်ရမယ် ဟင်းဟင်း အရင်ဘဝကငါမသိလို့ခံလိုက်ရတာ တစ်ခါပဲရမယ် ဝေဝူရှင်းတဲ့ဟေ့ လန်ကျန့်ရေ မင်းနာဖို့ပြင်ထား)

ဝေဝူရှင်းဟာခါးကြားထဲကပုလွေကိုထုတ်ကာမှုတ်နေရင်းခြေသံအလာကိုစောင့်မျှော်နေလေရဲ့။အတန်ကြာအောင်မှုတ်ပြီးနှုတ်ခမ်းထက်ကပုလွေကိုခါးကြားထဲပြန်ထည့်ပြီးခြေသံကိုနားစွင့်နေရင်းနဲ့မှ

''ချွတ် ချွတ်''

သစ်ရွက်တို့ကိုနင်းခြေတဲ့အသံကြားတော့ဝေဝူရှင်းစိတ်တွေလှုပ်ရှားလာသည်။

(လာပြီ လာပြီ )

သူရင်ခုန်နေတာကိုထိန်းရင်းမူယာပိုပိုနဲ့ပြောလိုက်သည်။

Mo Dao Zu Shi One Shot-2(Zaw+Uni)Where stories live. Discover now