//Zaw//
အရင်တစ်ခေါက်ကလိုမဖြစ်ရအောင်ဒီတစ်ခါဝေဝူရှင်းဟာကြိုတင်ပြင်ဆင်ထားသည်။တစ်ဖက်လူကိုမြင်ရအောင် မျက်လုံးစည်းကိုမသိမသာလေးလျော့ချည်ပြီးသစ်ပင်မှာမှီကာအခြေအနေကိုစောင့်ကြည့်နေသည်။
''အပေါ်မှာပေးနေပါလား''ဆိုတဲ့သူ့ရဲ့တောင်းဆိုချက်ကိုမလိုက်လျောတဲ့အပြင်''နေ့တိုင်းကနေအချိန်တိုင်း''ဆိုတဲ့ဘဝကိုရောက်မဲ့ကိန်းဆိုက်သွားတာကြောင့်ဝေဝူရှင်းဟာလက်သည်တရားခံအမွှေးအိုးကိုအဓိဋ္ဌာန်ပြုကလိရင်းလက်တွေ့မှာမဖြစ်နိုင်သည့်ကိစ္စကိုအိမ်မက်ထဲမှာအကောင်အထည်ဖော်ရန်ကြိုးပမ်းနေခြင်းဖြစ်သည်။
(ဒီတစ်ခါမှမအောင်မြင်ရင် ငါလူလုပ်မနေတော့ဘူး )
စိတ်ရှည်ရှည်နဲ့စောင့်နေတဲ့သူ့ဆီကိုဒီတစ်ခါတော့အမှန်တကယ်သူမျှော်လင့်ထားတဲ့သူရောက်လာသည်။၁၇ ၁၈လောက်ပဲရှိဦးမဲ့ဝမ်ကျိဟာ သစ်ပင်ထက်ကနေသူ့ကိုခိုးကြည့်နေတဲ့ဝေဝူရှင်းကိုမှိုင်းဝေဖျော့တော့တဲ့ပယင်းမျက်ဝန်းအစုံနဲ့မော့ကြည့်နေလေရဲ့။
ဝေဝူရှင်းဟာသူ့ကိုမော့ကြည့်နေတဲ့ဝမ်ကျိကိုကြည့်ရင်းအူတုန်အသည်းတုန်ဖြစ်လာသည်။
(လန်ကျန့်ရာ အဲဒီဖိုးသခွားရုပ်လေးနဲ့ ငါ့ကိုနမ်းသွားတဲ့သူလို့တောင်မထင်ရဘူး ငါအသည်းတွေယားလိုက်တာ)
''အဟမ်း ခင်ဗျားကရော တောလိုက်ထွက်လာတာလား''
(ပြောစရာရှိတာတော့ပြောရမှာပဲ)
ပြောပြီးတာနဲ့အောက်ကဝမ်ကျိကိုဝေဝူရှင်းခိုးကြည့်လိုက်သည်။ဝမ်ကျိကသူ့ကိုဝေဝူရှင်းခိုးကြည့်လို့ကြည့်မှန်းမသိတော့ဝေဝူရှင်းအဖို့စိတ်လှုပ်ရှားနေသလိုရင်တွေပါခုန်နေသည်။
''ကျုပ်ဆီကတော့ ခင်ဗျား ဘာမှရမှာမဟုတ်ဘူးနော် ''
သူထင်သည့်အတိုင်းပါပေ။သစ်ပင်ပေါ်ဝမ်ကျိဟာခုန်ပျံကျော်လွှားတက်လာပြီးသူ့ရဲ့လက်တွေကိုစတင်ချုပ်နှောင်လေသည်။ဝေဝူရှင်းဟာဘာလုပ်မယ်ဆိုတာသိနေပေမဲ့ဟန်ဆောင်ပြီးအော်ဟစ်ရုန်းကန်နေသည်။
''ဘာလုပ်တာလဲ ဖယ်စမ်း ခင်ဗျား''
သူခြေထောက်မြှောက်ပြီးကန်ချင်ယောင်ဆောင်ဖို့ပြင်တော့ဇာတ်ဆရာအလိုကျဝမ်ကျိဟာဝေဝူရှင်းကိုစတင်နမ်းရှိုက်လေသည်။
ဝေဝူရှင်းဟာရုန်းကန်သလိုလိုနဲ့အလိုက်သင့်လေးနေပေးလိုက်သည်။
![](https://img.wattpad.com/cover/191649526-288-k193744.jpg)
KAMU SEDANG MEMBACA
Mo Dao Zu Shi One Shot-2(Zaw+Uni)
Fiksi Penggemarone shot လေးတွေရေးရတာပိုကြိုက်လို့ပါ one shot လေးတွေရေးရတာပိုကြိုက်လို့ပါ