မောင်ရှန်းနဲ့မတ်မတ်ကျန့်ကျန့်

3.3K 208 19
                                    

//Zaw//

တစ်ခါတုန်းက''ဆက်ဆက်ထိမခံ''ဆိုတဲ့ရွာလေးတစ်ရွာရှိတယ်။ရွာလူကြီးနာမည်က ဦးဖုန်းမြင့်တဲ့။သူ့သားနာမည်ကမောင်ကျန်း။မောင်ကျန်းမှာ မောင်ရှန်း မောင်ဆန်း မောင်ရွှမ်း ဆိုတဲ့သူငယ်ချင်းသုံးယောက်ရှိသတဲ့။

တစ်ရက်မှာတော့မောင်ကျန်းတို့လူပျိုပေါက်သူငယ်ချင်းတစ်စုက မဆိုင်းရီ ဆိုတဲ့အပျိုကြီးရဲ့ဆိုင်မှာ ဇီးသီးကိုငံပြာရည်နဲ့သုပ်ထားတာထိုင်စားနေကြတယ်။

အဲ့အချိန်မှာ ''စောင်ချောကြီး'' ကျေးရွာက ကွမ်းတောင်ကိုင်မတ်မတ်ကဇီးသီးလာဝယ်သတဲ့။မတ်မတ်နာမည်က ''ကျန့်ကျန့်''တဲ့ ။ဇီးသီးလာဝယ်တဲ့မတ်မတ်ကိုမောင်ကျန်းသူငယ်ချင်း မောင်ရှန်းကမြင်မြင်ချင်း
မေတ္တာသက်ဝင်သွားလေရဲ့။

မောင်ရှန်းဟာအဲ့နေ့ကစပြီးမတ်မတ်ကျန့်ကျန့်ရဲ့အကြောင်းပဲနေ့တိုင်းလိုလိုတွေးနေမိတယ်။အရင်လိုသူငယ်ချင်းတွေနဲ့အဖွဲ့မကျဘဲမှိုင်တွေနေတဲ့မောင်ရှန်းကိုသူငယ်ချင်းတွေကစိတ်ပူလာတယ်။ဒါကြောင့်မောင်ရှန်းကိုမေးကြည့်တော့မောင်ရှန်းကဖြစ်ကြောင်းကုန်စင်ကိုပြောပြတယ်။

သူငယ်ချင်းဖြစ်သူခံစားနေရတာကိုမကြည့်ရက်နိုင်တဲ့အခါ မောင်ကျန်းတို့ကမောင်ရှန်းကိုကူညီဖို့ဆုံးဖြတ်လိုက်ကြတယ်။မလွယ်ကူမှန်းသိပေမဲ့မတ်မတ်ကျန့်ကျန့်ကိုလိုက်ပိုးတဲ့အစီအစဉ်မှာအပြည့်အဝကူညီဖို့မောင်ရှန်းကိုကတိပေးလိုက်ကြတယ်။

ဒီလိုနဲ့မောင်ကျန်းတို့တစ်သိုက်''စောက်ချောကြီး''ကျေးရွာကိုရောက်လာကြတယ်။''စောင်ချောကြီး''ကျေးရွာမှာဆိုရိုးတစ်ခုရှိတယ်။
''ငါ့လောက်ချောမှငါ့ဘဝထဲဝင်လာပါ''တဲ့။အဲ့ဆောင်ပုဒ်ကြောင့်ပဲတစ်ရွာလုံးမှာအိမ်ထောင်သည်ဆိုလို့လက်ချိုးရေလို့ရတဲ့အဆင့်ဖြစ်သွားသတဲ့။မောင်ရှန်းကဒီအကြောင်းကိုသိပေမဲ့နည်းနည်းမှမကြောက်ဘူး။သူ့ရွာမှာဆိုမောင်ရှန်းကအချောအလှစာရင်းမှာနံပါတ်တစ်ဆိုတော့မတ်မတ်ကျန့်ကျန့်သူ့ကိုလက်ခံလောက်ပါတယ်ဆိုတဲ့စိတ်လေးနဲ့အားမွေးပြီးမတ်မတ်ကျန့်ကျန့်တို့အိမ်ကိုချီတက်လာကြတယ်။

Mo Dao Zu Shi One Shot-2(Zaw+Uni)Where stories live. Discover now