After Marriage!

1.7K 150 58
                                    

ဂျောင်ကုကီလေးနဲ့ယောင်းပိစိလေးတို့လက်ထပ်ပြီးသွားတော့ အန်ကယ်ဂျင်ကအန်ကယ်ဂျွန်းအိမ်မှာလိုက်နေပြီး ကုကုကတော့အန်ကယ်ဂျင့်အိမ်ကိုအပိုင်သိမ်းပစ်လိုက်သည်။

"ဝါးးး အု အု အွန်းးး "

"ကိုကိုးးး....အဲ.. "

မနက်မိုးလင်းလို့နေမင်းကြီးကပြူးပြူးပြဲပြဲထွက်နေပေမယ့် ဂျောင်ကုနဲ့ထယ်ယောင်းလေးကတော့ကုတင်ပေါ်မှာနေရာယူဆဲ။

စောင်နဲ့လုံးနေတဲ့ယောင်းငယ်လေးက ကုကုရင်ခွင်ထဲ အတင်းတိုးဝင်လာတာမို့ အတင်းကာရောသိမ်းကြုံးဖက်ပစ်လိုက်ပြီး ခြေထောက်ကြီးနှင့်ပါခွထားလိုက်သည်။

"ကိုကိုးး ထ ရ အောင် လေ"

"ပိုပိုပေးရင်ထမယ် !"

ခေါင်းစုတ်ဖွားလေးကိုအတင်းကုပ်ပြီး အိပ်ရာနိုးလာတဲ့ယောင်းငယ်လေးက အိပ်ရေးဝထားလို့ထင်သည်၊ပါးအိအိလေးတွေကဖောင်းကားနေလေသည်။
ထိုရှုပ်ပွနေတဲ့မွှေးပွလုံးလေးက ကုကုစကားကိုလည်းကြားရော နှုတ်ခမ်းလေးထော်ပြီး ကုကုရဲ့ပါးနှစ်ဖက်လုံးကိုပြွတ်ခနဲမြည်အောင်အနမ်းပေးလာခဲ့သည်။

"ခွိ ဟိဟိ ယောင်းလေး ကိုကိုးနဲ့ရေတူတူချိုးရအောင်..."

"အာညီးး ချိုးချင်ဖူး ကိုကိုးကုကုကီကညစ်ပတ်တယ်..."

အပြုံးကြီးနဲ့ပြောလာတဲ့ဂျောင်ကုစကားတွေကလေထဲမှာတင်အငွေ့ပျံသွားရသည်။ ထိုကလေးငယ်ကတော့မက်မွန်သီးကိုဘယ်ညာလှုပ်ရမ်ရင်း ရေချိုးခန်းထဲပြေးဝင်သွားသည်။

"ကိုက်စားပစ်ချင်လိုက်တာ...အာဝူးး"

အော်ချင်တာအော်ရင်းအောက်ထပ်ကိုပြေးဆင်းသွားလိုက်ပြီး ကော်ဖီချိုချိုလေးနဲ့ ကွတ်ကီးလှလှလေးတွေကို အဆင်သင့်ပြင်ထားလိုက်သည်။

"ကိုကိုးး ရေချိုးလို့ရပြီ...ယောင်းငယ်ပြီးပြီ"

"အိုဂေးးး ကိုကိုးသွားချိုးတော့မယ် မွ"

"မွ ကိုကိုး "

ရေချိုးပြီးထွက်လာတဲ့ယောင်းလေးနဲ့နှုတ်ခမ်းပါးချင်းဖိကပ်နမ်းလိုက်ပြီး ကုကုလေးရေချိုခန်းထဲမှာအပြုံးဝေဆာလို့ကခုန်နေခဲ့သည်။ အပြင်မှာကျန်ခဲ့တဲ့ယောင်းငယ်လေးကလည်း ဂျောင်ကုဝတ်ဖို့အင်္ကျီကိုထုတ်ပေးရင်း ကော်လံပေါ်မှာ အနမ်းတွေခြွေချပေးလိုက်သည်။

👍One by One 👍Where stories live. Discover now