"ခြူး..ဦး ကုမ္ပဏီ မှာအရေးကြီးကိစ္စလေးပေါ်လာလို့အရင်သွားနှင့်မယ်နော်"
"ဟုတ်။ကားယူသွားလိုက်လေ"
"အာ့ဆိုဦးသွားပြီ"
"မိုး...နင်ငါ့ကိုစိတ်ဆိုးသွားလား"
"မဆိုးပါဘူး...။အချစ်ဆိုတာကိုယ့်ချစ်တဲ့သူကို လွတ်လပ်စွာချစ်လို့ရတာပဲလေ။နင့်လွတ်လပ်ခွင့်ပဲလေ"
"မိုး...နင်ငါ့ကိုဘယ်လိုသဘောထားလဲဟင်"
"နင်ကငါ့ရဲ့ငယ်သူငယ်ချင်းလေ။သူငယ်ချင်းလိုပဲချစ်တယ်"
"ကလေး..."
ချစ်ရတဲ့"မ"အသံကြောင့်ခေါင်းမော့ကြည့်လိုက်သည်။
"ဒီလိုပဲကြည့်နေတော့မှာလားကလေး ..."
မ ပြောတော့မှ " မ... ထိုင်လေ"
ကျွန်မ နှစ်ယောက်ကို ယမင်း က သေချာကြည့်ပြီး
" အဲ့တာဘယ်သူလဲမိုး ..."ကျွန်မချစ်သူပါလို့ရဲရဲဝံ့ဝံ့မိတ်ဆက်ပေးချင်တာပေါ့မရယ်....။ဒါပေမဲ့မိုး မှာပြောခွင့်မှမရှိတာ....
ကျွန်မအတွေးများနဲ့တိတ်ဆိတ်နေတုန်း"မ"က
ကျွန်မလက်လေးကိုဆုပ်ကိုင်ပြီး " မိုး ရဲ့ချစ်သူပါ" လို့
ပြောလိုက်သည်။ကိုယ့်နားကိုတောင်မယုံနိုင်တဲ့အခြေအနေမို့ ကျွန်မ ဆွံအနေခဲ့သည်။
"မိုး မှာချစ်သူရှိတယ်လို့တခါမှလည်းမကြားဖူးပါဘူး။
သူ ပြောတာ ဟုတ်ရဲ့လားမိုး...""ငါ့နှလုံးသားက "မ" ကိုအပိုင်ပေးပြီးသားမို့ နင့်အတွက်စိတ်မကောင်းပါဘူးယမင်း။ ငါပြန်တော့မယ်"
မ လက်ကိုဆွဲကာယမင်းကိုကျောခိုင်းပြီးထွက်လာလိုက်သည်။
ချစ်ရတဲ့သူလက်ကိုတွဲကာလမ်းလျှောက်ရတာက ဘာနဲ့မှမလဲနိုင်တဲ့ခံစားချက်ပါပဲ။
"ကလေး...သူနဲ့ကလေးပြောနေတာတွေ ကြားတော့မနေနိုင်ဘဲ "မ"ဝင်ပါမိသွားတယ်။ အတ္တကြီး သလိုဖြစ်သွားရင်"မ "တောင်းပန်ပါတယ်ကလေး"