7.2K 558 13
Zawgyi
~~~~~~~
အပိုင်း 2
" ကျန်းချန်...ကျန်းချန်.... ကျန်းချန် "
" ဟင်... "
" သတိရပြီးလား ကျန်းချန် "
အခုမှ သတိရလာပုံရသော ကျန်းချန်မှာ နာကျင်နေတဲ့ ဇာက်ပိုကို ကိုင်ကာ မျက်လုံးတွေကို အကျယ်ချဲ့ဖွင့်ကြည့်တော့ စိုးရိမ်သော မျက်နှာများနဲ့ သူကို ကြည့်နေတဲ့ ဝေ့ရင် နဲ့ ဟွိုက်ဆန်း..
" ကျန်းသခင်လေးရယ် ကျနော်တို့ စိတ်ပူသွားတာပဲ သခင်လေးများ တစ်ခုခုဖြစ်ပြီးလာလို့ "
ကျန်းချန် နာကျင်နေတဲ့ ဇာက်ပိုကို ကိုင်ရင် ညက ဘာတွေ ဖြစ်ခဲ့လဲဆိုတာ အစီစဉ်တကျ ဦးနှောက်ထဲ ပေါ်လာလေသည်။..
" ကျန်းချန် မင်းဘာဖြစ်တာလဲ ငါခေါ်နေတာ 10 မက တော့ဘူး မင်းကို ကြည့်ရတာ အရိုကိခံထားရပြီး သတိလစ်နေသလိုပဲ "
ဝေ့ရင်ပြောမှာ ညက ဇာက်ပိုကို လာထိနဲ့ လက်ကြီးတစ်ဖက်ကို သတိရသွားလေသည်။ ကျန်းချန် ဘာလုပ်ရမှန် မသိဖြစ်သွားလေသည်။ ဝေ့ရင်ကို ပြောပြရမလား မပြောပြရဘူးလား စဉ်းစားခန်းဖွင့်နေလေသည်။
" ဝေ့သခင်လေး နဲ့ ကျန်းသခင်လေး ကျနော်တို့ ကူးစူးလန်ကို သွားရအောင် တောင်ပေါ်တက်ရင်ရောက်ပါပြီး "
" အင်း "
ဟွိုက်ဆန်း စကားအဆုံးမှာ ကျန်းချန်းလဲ ဆုံးဖြတ်လိုက်သည်။ မပြောတော့ဖို့ ပြီးခဲ့တာ ပြီးပြီးပဲ သူများကို စိုးရိမ်းစိတ်ပိုအောင် မလုပ်တော်ပါဘူးလေ ဟုဆုံးဖြတ်ကာ မပြောတော့ပဲ ခုတင်ပေါ်က ထ ကာ အဝတ်အစား ယူပြီး ရေချိုးခန်းကိုတာ သွားလေသည်။
ဝေ့ရင် စိတ်ထဲ အသင့်မကျသလို ခံစားရတယ် ကျန်းချန်က တခါမှ ဒီလို မဖြစ်ဖူးဘူး သတိဝိရိယကောင်းတယ် ခေါ်ရင် ချက်ချင်း ထ တယ် အခုက မတူဘူး...
ညကလဲ တစ်ယောက်ထဲ အပြင်ထွက်သွားတာ ဝေ့ရင်တွေ့တယ် ဒီတိုင်းပဲ လေငြင်းခံဖို့လို့တွေးပြီး အိပ်လိုက်တာ တချိုက်ထဲပဲ...
မနက်မှ ထ ပြီး ကျန်းချန်ကို နိုးဖို့ လုပ်တော့ မရပေ ဒါကြောင့် ဟွိုက်ဆန်းကို ခေါ်တော့ ဟွိုက်ဆန်းကပါ သူတိုက်တဲ့ သေရည်ကြောင့် ထင်ကာ ငိုဖို့တောင် လုပ်နေတယ် မနဲ တိတ်ထားရတယ်။ 