3.2K 265 33
Zawgyi
~~~~~~~
အပိုင်း 55
ကျင်းဇီရွှမ်း ရဲ့ ခေါ်ရာနောက်ကို လိုက်လာရင် ဟွိုက်ဆန်း ကြီးမားသော အဆောင်ကြီး အရှေ့ကို ရောက်လာလေသည်။..
အဆောင်ကြီးက သေသပ်ပြီး ဗိသုကာလက်ရာမြောက်အောင် ထုထွင်းခြယ်တထားသည်။..
အဆောင်ကြီး အရှေ့မှာသော ခါးတစ်ဝက်လောက်ရှိတဲ့ ပန်းအိုကြီး နှစ်လုံးက ရှိနေသည်။..
" ကျင်းဇီရွှမ်း ဒါက... "
" ဒီနေရာက ဘိုးဘွားကန်တော့အဆောင်ပဲ..  "
" ဟင်....  ငါကို ဘာလို ဒီခေါ်လာတာလဲ...  "
" ငါနဲ့အတူ ဘိုးဘွားတွေကို ကန်တော့ရအောင်...  "
ကျင်းဇီရွှမ်း စကားကြောင့် ဟွိုက်ဆန်း မျက်နှာတွေ နီမြန်လာသည်။ ကျင်းဇီရွှမ်း က ပုံမှန် ပြောနေပေမဲ့ ဟွိုက်ဆန်း အတွေးတွေကတော့...
" ဒါ..ဒါက ဟို..ဟို...  "
ဟွိုက်ဆန်း ထစ်ထစ်ငေါ့ငေါ့ ဖြစ်ပြီး မျက်နှာတွေ နီမြန်နေတာကို ကြည့်ရင် ကျင်းဇီရွှမ်း တစ်စုံတစ်ရာကို သဘောပေါက်ကာ အသံထွက်ရီမိတယ်..
" ဟွိုက်ဆန်း ဘိုးဘွားတွေကို ကန်တော့တာ လင်း နဲ့ မယား ပဲ လုပ်ရတယ်လို့ မဆိုလိုဘူးနော်...  "
" အဲ...အဲ...  "
ဟွိုက်ဆန်းက ဘာပြန်ပြောရမှန် ဖြစ်ကာ ကျင်းဇီရွှမ်း ကိုတာ မခိုးတခိုးကြည့်လိုက်လေသည်။...
" ပြီးတော့ မင်း နဲ့ ငါကလဲ လင်မယား အရာ မြှောက်ပြီးပြီးလေ...  "
" ကျင်း..ကျင်းဇီရွှမ်း မင်း..မင်း မဟုတ်တာ မပြောနဲ့!  "
ဟွိုက်ဆန်း ရှက်ရမ်းရမ်းပြီး မျက်နှာတွေ နီကာ ကျင်းဇီရွှမ်း ကို မကြည့်တော့ပဲ အဆောင်ထဲ ဝင်ရန် ဟန်ပြင်လိုက်တော့..
အဆောင်တော်ထဲက ထွက်လာတဲ့ တစ်စုံတစ်ယောက် နဲ့ ဟွိုက်ဆန်း တိုက်မိကာ နောက်ပြန်ပြုတ်ကျမလိုဖြစ်သွားသည်။..
တော်သေးသည် ကျင်းဇီရွှမ်း အမြန် လန်ဆွဲလိုက်လို့ မဟုတ်ရင် ဟွိုက်ဆန်း အနာတရ ဖြစ်တော့မည်။..
" ဟွိုက်ဆန်း ဘာဖြစ်သွားသေးလဲ...   "
" ဟင့်အင်း ... "