3.3K 292 46
Zawgyi
~~~~~~~
အပိုင်း 45
ယနေ့ ကျန်းဂိုဏ်းလူတွေဟာ သူတို့ရဲ့ သခင်ကြီး သခင်မကြီး နဲ့ ဆရာတူညီအကို များရဲ့ သဂြိုလ်နေ့မို့ အားလုံးက ဝမ်းနည်းကြေကွဲကာ အကုန် သဂြိုလ်မည့်နေရာကို သွားကြလေသည်။...
ဝေ့ရင် နဲ့ လန်ကျန့် က မမ ကို တွဲလဲ လိုက်လာပြီး ကျန်းချန်က ကိုကို ကို တွဲပြီး လိုက်လာလေသည်။.....
ကျန်းချန် တို့ ဖေဖေ နဲ့ မေမေ အလောင်းရှိရာကို လာတော့ အဝတ်ဖြူတွေဖြင့် အုပ်ထားသော အလောင်းနှစ်လောင်း..
" ဖေ..ဖေဖေ မေမေ "
ကျန်းယန်လီ ဖေဖေ နဲ့ မေမေ အလောင်းအရှေ့ ဒူးထောက်က ငိုလေသည်။ ...
" ဖေဖေ မေမေ သ..သမီးကို...သမီးကို ကာကွယ်ပေးလို့ ကျေးဇူးတင်ပါတယ်... ရွှတ် သမီး.. ဖေဖေ နဲ့ မေမေ ရဲ့ ကျေးဇူးကို ဟင့် သေသည့်အထိ မမေ့ပါဘူး ဟင့်...  "
" မမ အရမ်းမငိုပါနဲ့ စိတ်လျှော့ပါ...  "
ဝေ့ရင်ရော မျက်ရည်ကျလျှက်တာ မမ ကို ချော့နေပေမဲ့ သူကိုယ်တိုင်ကိုက အရမ်းကို ငိုချင်နေသည်။...
ဝေ့ရင် နဲ့ ကျန်းချန် မမ ကို တစ်ယောက်တစ်ဖက်စီက ထိုင်လျှက် ဖက်ထားပေးလိုက်တော့ မမ က ပိုလိုတောင် ငိုနေလေသည်။...
" မမ အရမ်းမငိုပါနဲ့နော် ကလေးအတွက် မကောင်းဘူး မငိုပါနဲ့..  "
ကျန်းချန် ငိုချင်တဲ့ စိတ်ကို တင်ထားကာ မမ ကို နှစ်သိမ့်ပေးလိုက်သည်။ သူငိုရင် မမ ပိုငိုမှာ သူသိနေသည်။....
" ကျန်းသခင်လေး နဲ့ သခင်မလေး ကျန်းဂိုဏ်းချုပ်ကြီး နဲ့ ကျန်းသခင်မကြီးကို သဂြိုလ် ဖို့ အလှည့်ရောက်ပါပြီး...  "
" အင်း ကောင်းပြီး...  "
ဝေ့ရင် နဲ့ ကျန်းချန် မမ ကို တွဲကာ ဖေဖေ မေမေ ရဲ့ အလောင်းနားက အဝေးကို ခေါ်သွားလေသည်။..
ကျန်းသခင်ကြီး နဲ့ ကျန်းသခင်မကြီး ရဲ့ အလောင်းသဂြိုလ်ပြီးနောက် ကျန်းဂိုဏ်းက လူတွေ အားလုံး သခင်ကြီး နဲ့ သခင်မကြီး ကို ဂါရဝပြု နှုတ်ဆက်ကျလေသည်။....