0.0

347 29 13
                                    

Unicode~

ပူပြင်းတဲ့နေရောင်ခြည်က တစ်ကိုယ်လုံးမီးကျွမ်းတော့မတက် ထူးကဲစွာဖြာကျလို့နေသည်။
အဖြူရောင်မြေသားထုက ပတ်ကြားအက်လို့နေသည်။ဟိုတစ်ကွက်၊ဒီတစ်ကွက် အဝါရောင်မြက်ခြောက်တွေကို အချို့က လက်ချည်းသက်သက်ဆွဲနှုတ်နေကြသည်။ဆုတ်ပြဲနေတဲ့ အ၀တ်အစားအဖြူညစ်ညစ်တွေ ၀တ်ဆင်ထားတဲ့ ထိုလူတစ်စုက နေပူပူအောက်မွာ ကွဲအက်တဲ့နှုတ်ခမ်းတွေနဲ့၊ ချွေးများရွှဲလျက် နွမ်းလျစွာ အလုပ်လုပ်နေကြတယ်။ကောက်ရိုးဖိနပ်များက ကြမ်းတမ်းသည့်ခြေဖဝါးများကိုပင် နာကျင်စေသည်။

နေလောင်သော်လည်း ဖြူနေသေးသည့် အသားအရည်နဲ့၊ပေါက်တူးတစ်စုံကို ပင့်မြောက်လိုက်တဲ့ ကောင်လေးက နောက်ဆုံးတော့ သူ့တာ၀န်ဖြစ်တဲ့ မြေကျွင်းများကို တူးဖော်ပြီးခဲ့ပြီဖြစ်သည်။ခါးမှ ဘူးသီးခြောက်ကိုဆွဲယူကာ ခြောက်သွေ့နေသည့်အာခေါင်အား ဆိုစွတ်နိုင်ရန် မော့သောက်လိုက်သည်။တစ်စက်၊နှစ်စက်..ကွဲအက်နေတဲ့နှုတ်ခမ်းတွေအတွက် ရေပမာဏက သေးငယ်လွန်းသည်။

ဒီနေရာက နယ်နှင်ဒဏ်အပေးခံရတဲ့ အပြစ်သားတွေရဲ့ နေထိုင်ရာနေရာဖြစ်တယ်။သေဒဏ်ထက်ပိုပြီး ပင်ပန်းဆင်းရဲမှုတွေနဲ့ဖြတ်သန်းရတဲ့ ဒီနေရာမှာ လူအားလုံးက သေဆုံးသွားဖို့ဆုတောင်းကြပေမဲ့ မသေဆုံးနိုင်ကြသေးဘူး။နေ့ခင်းတွင် အသားတို့အက်ကွဲမတက် ပူလောင်ကာ အလုပ်ကြမ်းလုပ်ရပြီး၊ညအချိန်တွင် ၀ိညာဉ်ခဲမတက် အေးစက်ကာ ခြုံစရာဆောင်မရှိ ကောက်ရိုးခင်းပေါ်၌ စုတ်ပြဲနေသော အ၀တ်အစားနှင့် အိပ်စက်ရသည်။ငရဲပါတကား။

ကလောက် ကလောက် ကလောက်

အနက်ရောင်မြင်းသုံးကောင်က စိုက်ပျိုးနေကြတဲ့ အပြစ်သားများရှိရာစီ ချည်းကပ်လို့လာသည်။အနောက်မြင်းတစ်ကောင်ပေါ်မှ ရဲမက်သည် အပြစ်သားတို့မြင်ဖူးနေကြ ရဲမက်ဖြစ်ပြီး၊နောက်မြင်းပေါ်မှ အမဲ၀မ်းဆက်နှင့် ဓားကိုင်ဓားသော ဖြူဖြူသွယ်သွယ်နှင့်သူသည် အကြည့်များက စူးရဲနေ၏။အရှေ့ဆုံးမြင်းနက်ကြီးပေါ်မှ အပြာရင့်ရင့်၀တ်စုံနှင့် တမူထူးကဲသော ရုပ်ရည်ရှိသည့် အမျိုးသားသည် လူအုပ်ထဲ၌ ပေါက်ပြားကိုင်ထားသည့် အမျိုးသားလေးထံ၌သာ အာရုံအစုံကပ်ငြိလို့နေသည်။
ထိုအမျိုးသားဟာ မြင်းပေါ်မှ ဆင်း၍ လူငယ်လေးအနား ကပ်လို့လာသည်။ကျန်နှစ်ဦးသည်လည်း ထပ်ကျပ်မကွာလိုက်ပါ၏။

Listen Before I Go [Hiatus]Where stories live. Discover now