Vol. 2

663 109 23
                                    

Gun & Rose



ZAWGYI

လီစုရှန်ရဲ့ဖခင်ဟာ ရေပို့သမားတစ်ယောက်
ဖြစ်တယ်။ မိခင်ကတော့ အလုပ်မဲ့ ၊ အိမ်မှာပင် တစ်အိမ်လုံးရဲ့ ဝေယျာဝစ္စအကုန်လုပ်ကိုင်ရ
သည့် အိမ်ရှင်မတစ်ယောက်။ အစောကတည်းက မပြည့်မစုံနဲ့ဆင်းရဲနွမ်းပါးလှသည့် မိသားစုလေးဟာဆိုရင် အဖိုးတန်သမီးကလေးကိုလည်း ဆုံးရှုံးလိုက်ရတယ်။ ဧည့်ခန်းထဲတွင်ထိုင်လျက်ရှိသည့် မိခင်ဖြစ်သူ ချွေးရွှင့်ကျူးသည် တက်မတက် ချက်မတက်ငိုကြွေးလေတော့၏။

လုဟန် အမျိုးသမီးတွေငိုနေသည်ကို မတွေ့မ
မြင်ချင်ဆုံးပါပဲ။ သူ ရေတစ်ဖန်ခွက်ငှဲ့ကာ သေ
ဆုံးသူရဲ့မိခင်ရှေ့သို့ ချထားပေးလိုက်တယ်။

"အန်တီချွေး စိတ်ထိန်းပါဦး။"

တခြားနှစ်သိမ့်စကားတွေတော့ သူလည်း
ပြောမထွက်ခဲ့ဘူး။ သားသမီးဆုံးရှုံးသွားခဲ့
ရလို့ ပူဆွေးသောကရောက်လို့နေတဲ့ မိခင်တစ်
ယောက်ကို ဘယ်ဘာသာစကားကမှလည်း နှစ်
သိမ့်ပေးနိုင်စွမ်း ရှိမယ်မထင်ဘူး။

အိုဆယ်ဟွန်းကတော့ ကလေးရဲ့ဖခင်ဖြစ်သူကိုမျက်နှာချင်းဆိုင် စုံစမ်းမေးမြန်းနေပါ၏။ ကလေးရဲ့ ဖခင်နာမည်က လီကျိလျန်ဟုခေါ်၏။ ငိုထား
ဟန်ကြောင့် မျက်လုံးတွေကရဲလျက်ရှိကာ
ကြည့်ရတာ အတော်လေးပူဆွေးနေပုံရသည်။
ကျောက်တုံးကျောက်စိုင်အသည်းနှလုံးပိုင်ရှင်
အိုဆယ်ဟွန်း၏ မျက်နှာထက်တွင်တော့ ဘာ
ခံစားချက်မှရှိလို့မနေဘဲ ဗလာနတ္ထိနဲ့ သေဆုံး
သူရဲ့ ဖခင်နှုတ်မှထွက်သည့် နှုတ်ထွက်စကား
တွေကိုသာ အကြမ်းဖျင်း လိုက်လို့မှတ်တမ်း
တင်လျက်ရှိသည်။

"အသတ်ခံရသူကို ဘယ်အချိန်က နောက်ဆုံး
တွေ့ခဲ့တာလဲ?"

အိုဆယ်ဟွန်းက ခေါင်းပင်မော့မလာပဲ မေးသည်။
လုဟန် သူ့ဘေးနားဝင်ထိုင်လိုက်ရင်း သက်ပြင်း
ငွေ့ငွေ့သာချမိလေတော့၏။ အိုဆယ်ဟွန်းက
တော့ အိုဆယ်ဟွန်းပါပဲ ၊ ကောင်းကင်ပြိုကျ
လာရင်တောင် အရေးစိုက်နေမှာမဟုတ်သည့်
အိုဆယ်ဟွန်းပါလေ။

"လွန်ခဲ့တဲ့(၃)ရက်ကပါ။ စုရှန်ကျောင်းဆင်းချိန်
မှာ ကျွန်တော့်ဇနီးက သွားကြိုတယ်။ ဒါပေမယ့်
ကြိုတာမမှီလိုက်ဘူး. . . ထိုနေ့မနက် စုရှန်အိမ်
ကထွက်သွားပြီးကတည်းက. . . ဘယ်လိုဖြစ်လို့
ပြန်မလာနိုင်တော့တာလဲ. . ."

Gun & Rose《枪花》Where stories live. Discover now