Vol. 13

327 46 12
                                    

Gun & Rose



ZAWGYI
ဒီအပိုင်းမှာက clubသွားကြတဲ့အခန်းပါပါတယ်နော်🙄


ဆိုစကားတစ်ခုရှိလေသည် ၊ စိတ်လိုက်မာန်ပါပြုမူခြင်းက မကောင်းဆိုးဝါးပေတဲ့။ သိပ္ပံနည်းကျပြောရမည်ဆိုလျှင် လူတစ်ယောက်က မိမိဦးနှောက်ကိုယ်ကိုယ် ထိန်းချုပ်နိုင်စွမ်းမရှိဘဲ ကိုယ်ခန္ဓာရဲ့ လှုံ့ဆော်မှုအရ တစ်စုံတစ်ရာပြုမူလိုက်မည်ဆိုလျှင် ၈၅%က အမှားပင်ဖြစ်လေပေမည်။

ဆိုရလျှင်ဖြင့် ဝူရိဖန်၏လက်ထဲ၌ အိုဆယ်ဟွန်း ၊ လုဟန် တို့နှင့်ပတ်သက်လို့ တရားစွဲဆိုထားသည့် စာတမ်းရောက်ရှိလို့နေသည်။ ရှင်းရှင်းပြောရလျှင် နောက်ဆုံးအကျိုးဆက်ကတော့ အလုပ်ဖြုတ်ခံရမည်ဆိုတာပင်။ သေချာတာကတော့ ထိုနှစ်ဦး ကိုယ့်အမှားကိုယ် ဝန်ခံပြီး ရိုးသားမှုရှိမရှိဆိုတာ ကြည့်ရမည်ပေ။

"ကဲ ၊ ငါတို့ ဒီကိစ္စအကြောင်း ပြောကြရအောင်။"

ဝူရိဖန်က တရားစွဲဆိုစာအား စားပွဲထက်တင်လိုက်ပြီး အိုဆယ်ဟွန်း နှင့် လုဟန်ရှေ့သို့ တွန်းပို့၍လာသည်။

"ချင်းထိန်အထက်တန်းကျောင်းရဲ့ ကျောင်းအုပ်က ဒီကိစ္စကို စုံစမ်းစစ်ဆေးမယ့်ပုံပဲ။"

ဝူရိဖန်သည် လက်ကိုပိုက်လျက် ဆိုလာ၏။

"မင်းတို့ပြော ဘယ်လိုလုပ်မလဲ?"

အိုဆယ်ဟွန်းသည် ထိုတရားစွဲသည့်စာအား ငုံကာကြည့်လိုက်သည်။ နောက်တွင် တစ်ခဏမျှ နှုတ်ဆိတ်လျက် လုဟန်ထက်အရင်ဦးပြီး ဖွင့်ဟလို့လာလေသည်။

"ဒီကိစ္စနဲ့ပတ်သက်ပြီး ငါ ရှင်းပြစရာရှိတယ်။"

တကယ့်ကောင်ပဲ ၊ လုဟန်သည် ပြောမလို့ပင်ရှိသေး အိုဆယ်ဟွန်းက အရင်ဦးအောင်ပြော၍သွားလေပြီ။ စိတ်ထဲမှနေ တွေးဆလိုက်မိ၏ ၊ ဒီစနိုက်ပါဝူကတော့ သစ္စာရှိပြီး အမှန်တရားကို လက်ကိုင်ထားတဲ့ကောင်ပဲဟု။

"အဲ့အချိန်တုန်းက ငါက ကြည်ရုံပဲကြည့်နေတာ။ Luအရာရှိရဲ့ အကြမ်းဖက် လုပ်ဆောင်မှုအပေါ်  မဖျောင်းဖျမိတာကတော့ ငါ့အမှားဟုတ်တယ်။ ဒါပေမယ့် ပြန်သုံးသပ်ကြည့်ရင် သူဘာပဲလုပ်လုပ် တကယ်တော့ ငါနဲ့က ဘာမှ မသက်ဆိုင်ဘူး။"

Gun & Rose《枪花》Where stories live. Discover now