Vol. 12

274 42 11
                                    

Gun & Rose



ZAWGYI

ပြောရလျှင် အိုဆယ်ဟွန်းမှာ မင်္ဂလာဆောင် နှင့် နာရေးတို့အား တက်ရောက်ရခြင်းကို နှစ်သက်၏။ အကြောင်းရင်းကတော့ ထိုအခါဆို သူသည် အဝတ်ဗီရိုရှေ့၌ ဘာဝတ်ရင်သင့်တော်မည်လဲဆိုပြီး အကြာကြီးရပ်တွေဝေနေစရာမလို၍ပင်ဖြစ်သည်။ မင်္ဂလာဆောင်ဆို အဖြူ ၊ ဈာပနာဆို အနက် ဝတ်လိုက်ရုံသာ။

အနက်ရောင်အနောက်တိုင်းဝတ်စုံကို ထုတ်ယူလိုက်သည်။ နောက်တွင်တော့ လဲလှယ်ဝတ်ဆင်လိုက်ပြီး မှန်ရှေ့၌ရပ်ကာ မှန်ထဲရှိ ခံစားချက်
မဲ့တဲ့မျက်နှာထားရှိသူအားကြည့်မိ၏။

"ဈာပနာ ၊ အနက်ရောင် ၊ ဝမ်းနည်းဖို့ကောင်းတယ်။"

သတိပေးသလိုလိုနဲ့ မိမိဘာသာတီးတိုးရေရွတ်လိုက်မိသည်။ အပြင်သို့ထွက်ခါနီးတွင်တော့ ကုတင်ခေါင်းရင်းရှိ စင်ထက်ကဒိုင်နိုဆောအရုပ်ကိုလည်းနှုတ်ဆက်ဖို့ကမမေ့သလို အမှတ်အသားထားရှိထားသည့် နွားနို့ဗူးကိုလည်း ယူဖို့ရာမမေ့လျှော့။ အရာရာ ပြည့်စုံလို့သွားလေပြီ။

မြို့ထဲနဲ့ အိမ်မှာ အနည်းငယ်မျှဝေးလေသည်။ ဘတ်စ်ကားစီးသည်မှာ ပထမဆုံးအကြိမ်မဟုတ်သော်ငြားလည်း အိုဆယ်ဟွန်းမှာ အသားမကျသေး ၊ ထိုင်စရာနေရာထက်တွင် ကိုယ်ကိုမတ်၍ထိုင်လိုက်သည်။ မိမိ၏ကားမှာ ယာဉ်စည်းကမ်းချိုးဖောက်မှုအတွက် နို့တစ်စာကပ်ခံထားရသည် ၊ ထိုနို့တစ်စာထက် ရှင်းရှင်းလင်းလင်းကြီးဖော်ပြထားသည်မှာတော့ လိုင်စင်အား ယာယီဆိုင်းငံ့ထားသည်ဟူ၏။ ကံဆိုးချက်က ကမ်းကုန်ပေ။

ထိုဘတ်စ်ကားနှင့် သုံးလေးမှတ်တိုင်လောက် ဒုက္ခခံလိုက်ရသည်။ ကားပေါ်မှဆင်းပြီးနောက် အိုဆယ်ဟွန်း၏ ပထမဆုံးအလုပ်မှာ ဆံပင်ပုံပျက်မပျက်ကို ကြည့်ရခြင်းဖြစ်သည်။ ပုံမပျက်ဘဲရှိသည်ဆိုမှပဲ ရှေ့ကလမ်းသွယ်လေးစီ တည့်တည့်လျှောက်လှမ်းလာခဲ့လိုက်တော့သည်။

လုဟန်မှာ ကြက်ဥကို ပါးစပ်ထဲထည့်ခါနီးတွင် ဖုန်းကမြည်လို့လာသည်။ စာတိုပို့လာခြင်းပင်ဖြစ်၏။ တစ်ချက်စွေ၍ကြည့်မိတော့ နံပါတ်စိမ်းတစ်ခု။

Gun & Rose《枪花》Where stories live. Discover now