(အထက်ပါခေါင်းစဉ်သည် မည်သူ ပိုချစ်သနည်းဟူသည့် အဓိပ္ပါယ် လုံးဝ မသက်ရောက်ပါကြောင်း)
ဟိုးရှေးရှေးတုန်းက ကောင်လေးတစ်ယောက်ရှိလေသတဲ့။
သူဟာ အသက်တွေကြီးလာရင် သိပ်ကို အင်အားကြီးတဲ့ လူတစ်ယောက်ဖြစ်လာမှာတဲ့လေ။
အင်အားကြီးတာနဲ့အမျှ ရက်စက်ကြမ်းကြုတ်မှာလဲ အသေအချာ။
သူဟာ မာယာကြွယ်ဝတဲ့၊ ကိုယ်လိုချင်တာကို ဘယ်သူ့မျက်နှာမှမထောက် ရအောင်ယူတတ်တဲ့၊ မိန်းမအထာသိပ်နပ်လာမဲ့ တလောကလုံးရဲ့ ရက်စက်ကြမ်းကြုတ်မှုမှာ ပြိုင်စံရှားကြီး ဖြစ်လာမဲ့လူပေါ့။
ဒါပေမဲ့ အဲ့တာတွေအားလုံး ကပြောင်းကပြန်ဖြစ်သွားအောင် လုပ်လိုက်တဲ့လူတစ်ယောက်ရှိတယ်။
အဲ့တာကတော့ သူ့ရဲ့ ဆရာတဖြစ်လဲ Shen Qingqiu ခေါ် Shen Yuan ပေါ့လေ။
အဲ့ဒီ့တော့ စဉ်းစားမိတယ်။
ဒီနှစ်ယောက်ရဲ့ သံယောဇဉ်ကို အစပျိုးခဲ့တဲ့ အရင်းခံ အကြောင်းအရာဟာ ဘာပါလိမ့်။
ဘယ်သူကများ အရာအားလုံးရဲ့ လက်သည်တရားခံပါလိမ့်ပေါ့။
စဉ်းစားရင်းနဲ့ အဖြေပေါ်လာတာကတော့ အားလုံးရဲ့ ဇာတ်လိုက်ကျော် ဗီလိန်ကြီး Shen Qingqiu ပါပဲ။
ဟုတ်တယ်။
သိပ်ကို ရက်စက်ကြမ်းကြုတ်မဲ့ ဇာတ်ဆောင်မင်းသားဟာ စာရေးသူ အစပျိုးထားသလိုပဲ တကယ်ရက်စက်ကြမ်းကြုတ်တဲ့လူ ဖြစ်လာပါတယ်။
လိုချင်တာရှိရင် အဖေအရင်းကိုတောင် ဂရုမစိုက်ပဲ အသုံးချတတ်တဲ့ ဥာဏ်နီဥာဏ်နက်များလွန်းတဲ့ လူ ဖြစ်လာပါတယ်။
ဒါပေမဲ့ အဲ့တာတွေအားလုံးဟာ Shen Qingqiu ရဲ့ အရှေ့ရောက်ရင် နေပူခံထိတဲ့ ရေခဲတုံးလိုပဲ။
အရာမယွင်းအောင် အကုန် ပျက်စီးသွားလေသတဲ့။
ဝတ္ထုတလျှောက်လုံး စာရေးသူ သုံးနှုန်းသွားတဲ့ ပင်းဟယ်အတွက် နာမ်စားလေးက "အိမ်တအိမ်ရဲ့ သခင်မလေး ရှက်သွေးဖြာပုံကဲ့သို့" တဲ့။
ရီလဲရီချင်စရာ။ ချစ်လဲ ချစ်စရာ။
ဒီကောင်လေးဟာ သူ့ဟာသူသာ ဆိုးချင်ဆိုးမယ်။ Shen Qingqiu နဲ့ပတ်သတ်လာရင် အရာအားလုံးသည် Shen Qingqiu စိတ်ကြိုက်သာပဲ။
YOU ARE READING
The Scum Villain's Self-Saving System (Short Notes)
DiversosWarning : You shouldn't read this if you don't want to be spoiled.