Story of US••Two

473 43 16
                                    

"ဘာ!ပိုက်ဆံမရှိတော့ဘူး!?"

ကျနော့်အမေးကို မုန့်စားမပျက်ဘဲ ခေါင်းငြိမ့်ပြသည်။

"ကျနော်အလုပ်လုပ်ရမယ်"

ထိုအခါတွင်လည်း ခေါင်းငြိမ့်သာ ပြသည်။ အမြင်ကတ်လာသောကြောင့် နားနားကပ်ကာ ကျုံးအော်လိုက်သည်။

"ဒါလင်!!"

ထိုကျမှ အူသွားတဲ့ နားတဖက်ကို အုပ်ကာ စူပုပ်ပုပ်လှည့်ကြည့်လာသော သူ။

"ဘာတုန်း အချစ်ကလဲ"

"အချစ်ကလဲမနေနဲ့ ဟိုတစ်ပတ်က ပျောက်သွားတာက?"

"အဲ့တာက အစိုးရက သယ်လာတဲ့ အာဖရိက စိန်နည်းနည်း ယူလာရုံတင်ပါ"

သူ၏ ကစားစရာများကို ထုတ်ကြွားနေသည့် ကလေးပုံဖြစ်နေသော ကျနော့်ချစ်သူ။

"ဒါဆို အဲ့တာတွေ ရောင်းလိုက်လေ"

စိတ်မရှည်စွာ ပြောလိုက်သည့်စကားအဆုံး ဟက်ကနဲ တစ်ချက်ရယ်ကာ ကိုယ့်ကို ကြည့်လာတဲ့သူ။

"ကိုယ်မှ ပဲထမင်းမစားချင်သေးတာ ချစ်ကလဲ"

ထိုနောက် သူ့မုန့်ကို အာရုံပြန်ပို့ကာ ကျနော့်ကို သူ့မုန့်လောက် အဖက်ပြန်မလုပ်တော့။

"အဲ့တာဆို ဒါလင့် ဒယ်ဒီနဲ့ မာမီပေးထားတဲ့ ဘဏ်ကတ်တွေကရော"

ဒီတစ်ခါတော့ သူလည်း စိတ်မရှည်တော့သည့်ပုံနှင့် ဆောင့်အောင့်ကာ ပြောလာလေပြီ။

"ကိုယ့်မိဘတွေနဲ့ အဆက်အသွယ်ဖြတ်ထားတာ ချစ်လည်း သိရဲ့သားနဲ့ကိုကွာ"

'သိတော့ သိတာပေါ့လို့..ပိုက်ဆံတော့ ဖြည့်ပေးထားမလား မေးကြည့်တာကို'

ထိုအတွေးကိုတော့ ထုတ်မပြောလိုက်မိပါ။

ကျနော့်ဒါလင်ကလဲ ထူးဆန်းသား။

သူများမိသားစုတွေလို အမွေလုရတာလဲ မရှိသလို မိဘတွေနဲ့ အဆင်မပြေ ဖြစ်တာလဲ မရှိဘူး။

အဲ့တာ သူ့မိဘတွေက သူ့ကို ကုမ္ပဏီကို လွှဲပေးမယ်။ ကျနော်နဲ့လည်း လက်ထပ်ပေးမယ်လို့ ပြောတာကို ဘာတွေ စိတ်တိုင်းမကျလဲ မသိဘူး။

မိဘတွေနဲ့ အဆက်ဖြတ်ပြီး အိမ်က ထွက်လာလေရဲ့။

ကျနော်ထင်တာတော့ သူ့စိတ်တိုင်းကျ မကမြင်းရတော့မှာ အဲ သူကတော့ ဝါသနာပါတာ ပြောတာပဲ အဲ့တာပဲ ထားပါတော့။ သူဝါသနာပါတာ လုပ်ရတော့မှာ မဟုတ်ဘူးဆိုပြီး ကုမ္ပဏီကို မယူသေးဘူးတဲ့လေ။

Story Of USWhere stories live. Discover now