အိပ်ချင်မူးတူးနဲ့ မျက်လုံးဖွင့်လိုက်တော့ မြင်နေကျပေမဲ့ နေသားမကျတဲ့ ပတ်ဝန်းကျင်။
လေယာဉ်ပေါ် ရောက်နေပြန်ပြီ...။
အိပ်ပျော်နေတဲ့အချိန် ဒါလင် ချီခေါ်လာပြန်ပြီနဲ့ တူတယ်။
ဒါလင်တစ်ယောက်နဲ့ ခက်ပါတယ်။မပြောမဆိုနဲ့ ကိုရီးယားက ထွက်လာကြပြန်ပြီ။ဒီတစ်ခါလည်း ဘာတွေ မွှေခဲ့လဲမှ မသိတာ။
သူကတော့ ဘယ်လိုမှ ဖြစ်မှာမဟုတ်ဘူး။ဖြစ်တာ ဟောဒီလူသား...
တက္ကသိုလ်ပီးအောင် တက်ပါရစေဆိုတာကို..အဲ့တက္ကသိုလ်လည်း ဒီတသက်အောင်ပါ့မလား...ဘေးကို တစ်ချက်ကြည့်လိုက်တော့ နှစ်ခြိုက်စွာ အိပ်မောကျနေတာတောင် ခန့်ညားနေတဲ့သူ။ သို့သော် ယခုအချိန်တွင် စိတ်က တိုနေဆဲမို့ လက်ထဲက ခေါင်းအုံးနှင့်သာ ဖိသတ်ချင်စိတ်ပေါက်နေသည်။
ဆက်ကြည့်နေရင် ဖိသတ်မိတော့မှာမို့လို့ စိတ်လျှော့ရင်း ပြတင်းပေါက်ဘက်ကိုသာ လှည့်နေလိုက်တယ်။စိတ်ထဲက ရှိသော်လည်း လုပ်လိုက်ပါက နာသွားမှာလည်း စိုးတာတစ်ကြောင်းပေါ့ဗျာ။အဲ့တာတွေကြောင့် ဟိုကလေးကို မင်းဘယ်တော့မှ မနိုင်တာ ကင်မ်ထယ်ဟျောင်း..
ဟုတ်သား...မိတ်ဆက်ပါရစေဦး
ကျနော့်နာမည် ကင်မ်ထယ်ဟျောင်း။
ဇာတိက ဒယ်ဂူ
အသက်က ၂၅
အလုပ်အကိုင်က အဟမ်း အခုထိ တက္ကသိုလ်ကျောင်းသားပဲဆိုပါတော့
အခုအသက်ထိ ဘာလို့ တက္ကသိုလ်တက်နေရသေးတာလဲဆိုတာ ခင်ဗျားတို့ တွေးနေကြမှာပေါ့။စာမရလို့ လို့တော့ မတွေးကြနဲ့နော် ဒီက အချောလေးက hyper တစ်ယောက်။ဘာကြောင့်လဲဆိုတော့ ကျနော့် ဘေးက လူကြောင့်ပေါ့။ ခဏ သူအကြောင်းပြောပြီးမှ ခင်ဗျားတို့ နားလည်မှာမို့လို့ သူ့အကြောင်း အရင်သွားမယ်။
အော် ဒါနဲ့ ကျနော်က hacker လည်း လုပ်သေးတယ်။အရင်မုန့်ဖိုးလို နေတုန်းကပေါ့။အခု ကျနော့်ဒါလင် ရှိနေမှတော့ ဘာလိုဦးမှာလဲ...
ကျနော့်ဒါလင်အကြောင်း မိတ်ဆက်ပေးရမယ်ဆိုရင်
နာမည်က ဂျွန်ဂျောင်းဂု
ဇာတိက ဘူဆန်
အသက်က ၂၃
ကျနော့်ဒါလင်ထက် ကျနော်က ပိုကြီးတယ်။
အလုပ်အကိုင်က အင်း ပြောရမယ်ဆိုရင်တော့ အကြီးစားဒုစရိုက်သမား လို့ပဲ ပြောရမလား။
အဲ့လိုပြောလို့လဲ လူသတ်အကြမ်းဖက်လို့ မထင်ကြပါနဲ့...
အကြီးစားသူခိုးဓားပြလို့ပဲ ပြောရမှာပေါ့...
ဘဏ်တွေဘာတွေ ဓားပြတိုက်တယ်...မီလီလျံနာတွေ အိမ်က သူလိုချင်တာတွေ ဖြုတ်ခိုးလာခဲ့တယ်။ဆင်းရဲတာလဲ မဟုတ်ဘူးဗျာ အဲ့တာကို ဝါသနာအရပဲ လုပ်နေလားမသိပါဘူး။မိဘပိုင်နည်းပညာ ကုမ္ပဏီအကြီးကြီးတစ်ခုလည်း အာရှတင်မကဘူး ဥရောပမှာပါ ရုံးခွဲတွေ အခြေစိုက်ထားတယ်။ အဲ့တာကို အလုပ်သစ်(အလစ်သုတ်) နေရတာကို သဘောကျနေတဲ့ ကျနော့်ဒါလင်ပါဗျာ...
အကယ်လို့ အင်္ဂလန်က ပြတိုက်မှာ သိမ်းထားတဲ့ ၃ဘီလီယံကျော် တန်တဲ့ အကြွေစေ့တစ်ပြားကို ကျနော့်ဒါလင်က ကျနော်ဆော့ဖို့အတွက် ယူလာပေးတယ်လို့ ပြောရင် ခင်ဗျားတို့ ယုံမှာလား??
hkhk ခင်ဗျားမယုံပေမဲ့လည်း ဒါဟာ အမှန်တရားတစ်ခု။
ဟဟ ထားပါတော့။"ချစ်လိုချင်သမျှ အရာအားလုံး ဖြစ်လာစေရမယ်"...ဒါက ကျနော့်ကို ဖွင့်ပြောတုန်းက ကျနော့်ချစ်သူပြောတဲ့စကား။
ကျနော်တို့ရဲ့ ပုံပြင်ဟာ ဒီလိုသောက်ကျိုးနည်း လှပခဲ့တယ်။
∆~∆~∆~∆<Story Of US>∆~∆~∆~∆
ကာရံတို့ကတော့ ရေးလိုက်ပြန်ပြီ နောက်တစ်ပုဒ်...။
ဒါလေးကို ရေးလိုက်တာ stress တွေ ပျောက်ချင်လို့..
ဇာတ်လမ်းလေးက ပေါ့ပေါ့ပါးပါးလေးသွားပြီး sweet မယ်။
ကျောရိုးမရှိဘူးထင်တာပဲ။စိတ်ပေါက်မှ ထရေးမှာဆိုပေမဲ့ ဒါပဲ ရေးမှာ..
အခြားဟာတွေက စဉ်းစားရမှာလေ...
အဲ့တာကြောင့် ဒါလေးပဲ သွားဖြစ်မယ်။Top, bottom တွေ မခွဲပါဘူး။
သူတို့က တစ်လှည့်စီစနစ်ပါ ဟဲဟဲ
အဲ့တာကြောင့် vkook kookv ရွေးတဲ့သူတွေ အကုန်ဖတ်လို့ရပါတယ်။နောက်ပိုင်းနာမည်တွေ သိပ်ထည့်ရေးတော့မှာ မဟုတ်ဘူး။
တစ်ပိုင်းတစ်ပိုင်းစရေးကတည်းက တစ်ယောက်ယောက်ရဲ့ pov က တန်းစလိုက်မှာမို့လို့။
နာမည်လည်း တပ်ခေါ်ကြမှာ မဟုတ်ဘူး။
ထယ်က ကွတ်ကို ဒါလင်လို့ ခေါ်ပြီး
ကွတ်က ထယ့်ကို အချစ်/ချစ် လို့ပဲ ခေါ်ကြပါမယ်။
ဇာတ်လမ်းက အခြားသူတွေလည်း သိပ်မပါတော့ နာမည်က ထည့်ရေးဖို့ သိပ်မလိုတော့ဘူးလေ။Mini fic ဖြစ်ပေမဲ့ ဘယ်အပိုင်းရပ်မယ်ဆိုတာ မစဉ်းစားထားပါဘူး။
ကျောရိုးမရှိဘဲ ဒရမ်မာတွေလည်း ချိုးမှာမဟုတ်လို့ ပေါ့ပေါ့ပါးပါးနဲ့ ဖတ်နိုင်ပါတယ်နော်။
YOU ARE READING
Story Of US
Fanfiction"ချစ်လိုချင်သမျှအရာအားလုံး ဖြစ်လာစေရမယ်"....ဒါ ကျနော့်ချစ်သူပြောတဲ့စကား။ ကျနော့်တို့ရဲ့ ပုံပြင်ဟာ ဒီလိုသောက်ကျိုးနည်း လှပခဲ့တယ်...။ VK mini fic Top,Bottom ခွဲခြားထားခြင်းမရှိ..