Story of US••Three(special for covid-19)

255 20 3
                                    

"ဟားဟား ဒေါင်းပြီ!ပေးလိုက်တော့ ချစ်ရေ"

"ဒါလင် ဒါသက်သက်ညစ်တာ!! ဒါလင်ပြောင်းလိုက်တာ ကျနော် တွေ့တယ်နော်!"

"သက်သေမရှိရင် မစွပ်စွဲရဘူး ချစ်ရ"

လောင်းကြေးတွေ သိမ်းနေသော ဒါလင်ကို ကြည့်ရင်း ဒေါသတွေ ထွက်လာသည်။

ဘာလုပ်နေတာလဲ လာမမေးနဲ့! ကင်မ်ထယ်ဟျောင်းလေး ဒေါသထွက်နေတာနော်😤😡

ကိုဗစ်-19ကြောင့် အိမ်ပြင်မထွက်ရတာ ခင်ဗျားလည်း သိမှာပါ။ အဲ့တာကြောင့် အိမ်မှာ ဒါလင်နဲ့ ပိုကာဒေါင်းနေတာလေ။

အဲ့သောက်ကလေး လက်နဲ့ ဖဲတွေ လှည့်လှည့်ယူနေတာ ကျနော်သိသားပဲ။ သောက်ဖောက်ထွင်းဝိဇ္ဇာ အတတ်တွေနဲ့ အပြစ်ကင်းတဲ့ ကင်မ်ထယ်ဟျောင်းလေးကို ဂျင်းထည့်နေတာ ဒေါသထွက်စရာ မကောင်းဘူးလား ပြော!

လောင်းကြေးတွေတော့ ကုန်ပါပြီ😭
ကျနော် strawberry milk ကူပွန်တွေလေ ပါသွားပြီ။ သူ့ဆီက banana milk ကူပွန်တွေ ရမလား မှတ်ပါတယ်… ကိုယ့်ဟာတွေ ပါသွားပြီ။

ဟင့် ပိုကာကို စိတ်နာတယ်!

"တော်ပြီ ဒါလင်! ကျနော် မဆော့တော့ဘူး"

မတ်တပ်ရပ်လိုက်တဲ့ ကျနော့်ကို ပြုံးစစ မျက်နှာပေးနဲ့ ကြည့်လာတဲ့ သူ။

"ထပ်ဆော့ရအောင်လည်း အချစ်မှာ လောင်းကြေးတွေမှ မရှိတော့ပဲနဲ့"

"ဂါးးးး ဂျွန်ဂျောင်းဂု မင်းကို မုန်းတယ်"

ကျနော် လှည့်ထွက်သွားတာတောင် တစ်ခွီခွီရယ်နေတဲ့ ဒါလင့်အသံကြီးကို ကြားနေရတုန်း။

အမြင်ကတ်လိုက်တာ!

🔼~🔼Story of US🔼~🔼

"Yaa ဝက်ပု ငါတို့ အဖမ်းမခံရဘူးဆိုတာ သေချာပါတယ်နော်"

"ဒေါင်းစား ငါကို ဝက်ပု မခေါ်ပါနဲ့ဆို! ပြီးတော့ ဘာမှ မဖြစ်ပါဘူးကွာ"

ဘာလုပ်နေလဲ မမေးနဲ့။ရှူး တိုးတိုး ကင်မ်ထဟ်ဟျောင်း တစ်ယောက် ပတ်ဂျီမင်း နဲ့ ကလပ်သွားမလို့ ခိုးထွက်လာတာ။

ဒါလင်ကို ရွဲ့ချင်တာလဲပါ အပြင်ထွက်မရွရတာလဲ ကြာပြီဆိုတော့ ပတ်ဂျီမင်း ခေါ်ရာ လိုက်လာတာ😼။

Story Of USWhere stories live. Discover now