အမှတ်တရ ပေးပို့ စာ
9.8K 318 20
အမှတ်တရ ပေးပို့ စာ - ၁
[တစ်ခါမှမရေးဖူးပါဘူး ဆရာလုပ်တာလဲမဟုတ်ပါဘူးနော်သာသာ အခုwebtoonလေးကိုက အရမ်းသဘောကျပြီး ကြိုက်လို့ ပါ
ဟန်လေးက မိန်းကလေးပေမယ့် သန်မာတယ် ဥာဏ်ကောင်းတယ် ဖျတ်လတ်တယ် ကြင်နာတတ်တယ် အလွဲလေးတွေ နည်းနည်းဖြစ်တာကလွဲလို့ ပေါ့
မင်းသားကတော့ အတိတ်မမေ့ခင်က တည်ကြည်အေးဆေးတယ် အတိတ်မေ့ပြီး ဇနီးလေးလို့ နှုတ်ကမချတည်းက ကိုယ်တွေရဲ့နှုတ်ကလည်း ပြုံးမိနေတာပါ
တစ်နေ့ တစ်နေ့ သူ့ ဇနီးလေးနဲ့ သူ ဘာဖြစ်သွားမလဲ တွေးတွေးပြီး အပိုင်းသစ်တွေကို မျှော်လင့်နေခဲ့တာပါ ဟန်လေးသူငယ်ချင်းကလည်း မိန်းကလေးမှန်းသိပြီး အူတိုသဝန်တိုနေတာလေးတွေကလည်း တစ်ကယ်ကို  ချစ်ဖို့ ကောင်းတယ်
အဓိကချစ်ဖို့ ကောင်းတာက ဒီwebtoonလေးကို ဘာသာပြန်ပေးတဲ့သာသာပါ ကျေးဇူးတင်ပါတယ်သာသာ သာသာ့ကြောင့်ဒီလိုချစ်ဖို့ ကောင်းတဲ့ ဇာတ်ကောင်လေးတွေကို သိခွင့်ရတာ စာအရမ်းရှည်သွားလို့ sorryပါနော်…]
ပြန်စာ - ၁
တစ်ကယ်ကိုကျေးဇူးတင်ပါတယ် စာဖတ်သူလေးရေ ပထဆုံးပြောချင်တာက ဇာတ်ကောင်လေးတွေချစ်ဖို့ ကောင်းတာက လေပြေတစ်ယောက်တည်းကြောင့် မဟုတ်ဘူးရယ်နော် မူရင်းအော်သာရဲ့ စုတ်ချက်တွေကိုက အသက်ဝင်လွန်းနေတာ ဒါပေမယ့်လေပြေ့ကိုလည်း ကျေးဇူးတင်ပါတယ်ဆိုတော့ တစ်ကယ်ပျော်ပါတယ် ဇာတ်ကောင်လေးတွေတိုင်း ချစ်ပေးလို့ လည်း ဝမ်းသာပါတယ် လေပြေကလည်း စာဖတ်သူလေးဖတ်ဖို့  လေပြေတတ်သလောက် ရေးထားတာလေး အမှတ်တရ တင်ပေးမယ်နော်။
*******
ဟန်အာ(သို့ မဟုတ်) ဇနီးလေးထံသို့ …
မင်းတွေးကြည့်ဖူးလား လူတိုင်းမှာ နာကျင်စရာ အတိတ်တွေရှိတယ်ဆိုတာကို။ အထူးသဖြင့်တော့ အမြဲမျက်နှာတည်ကြီးနဲ့နေရင်း အတွင်းစိတ်ကိုဖုံးကွယ်ထားတတ်တဲ့ သူတွေမှာပေါ့။ ဟုတ်တယ်။ သူကလည်း အဲဒီ့လိုလူတစ်ယောက် ဖြစ်နေခဲ့တယ်။