double report
5.5K 134 55
(Zawgyi)
၂ရက်​ဆက်​တိုက်​ rp ထုသတဲ့​တော်​ ကျွန်​မacc ကို မပျက်​ပျက်​​အောင်​များ ထုကြမလို့လားဟင်​ အဲဒီ့​လောက်​​တောင်​မုန်း​နေကြတာလား ကြည့်​မရဖြစ်​​နေတာလား ကိုယ့်​စိတ်​ဓာတ်​​တွေ ​အောက်​ဆုံးအထိ ထိုးကျ​အောင်​ရည်​ရွယ်​ချက်​နဲ့ဆိုရင်​​တော့ youနိုင်​ပါတယ်​​နော်​ အားတင်းထားသင့်​မှန်းသိ​ပေမယ့်​ တစ်​ကယ်​ပြိုလဲချင်​​နေပါပြီ ကိုယ်​က​လေ ​ရေးသမျှcomment တိုင်းလဲစာပြန်​တယ်​ အတတ်​နိုင်​ဆုံး update မှန်​​အောင်​လဲကြိုးစား​ပေးတယ်​ ဘာလို့များ rp ထုချင်​ရတာလဲဟင်​ ဒီ​နေ့ထုတာက ps accမှာတင်​​နေတဲ့ "မြို့စားငယ်​နှင့်​အရှုပ်​​တော်​ပုံ" book 2 ကိုထုသွားတာ​နော်​ acc ​ပြောင်းတင်​​ပေးပါ့မယ်​လို့ မ​နေ့က​ပြောပြီးသား ဆက်​မတင်​ချင်​​တော့​လောက်​​အောင်​ဖြစ်​​နေ​ပေမယ့်​ ပစ်​ပစ်​ခါခါမလုပ်​ရက်​တဲ့သူကိုမှ အရာအားလုံးလွှတ်​ချချင်​​အောင်​ ဘာလ်ို့လုပ်​​နေတာလဲမသိ အခုပုံက rp ပို့ရ​လောက်​​အောင်​ ပြူးပြဲ​နေတာလဲမဟုတ်​ပါဘူး 18+ scene များများမပါလို့ mature မ​ပေးထားတာပါ။ အစက​နေ အခု​ရောက်​တဲ့ထိတိုင်​​အောင်​ ပါတာဆိုလို့ အဲဒီ့တစ်​ခန်းထဲပါ။ ဒါ​တောင်​ sticker ​တွေ အုပ်​​ပေးထားတယ်​။ ယွီလင်းတပ်​က တပ်​သား​တွေ​အုပ်​စုလိုက်​​ရေချိုးတဲ့ဆီကို ကျင်းယွီ​ရောက်​သွားလို့ လန့်​ဖြန့်​ပြီး​အော်​တဲ့ပုံ။ ​ဘေးတိုက်​ပုံမို့လို့ ဘာမှမဖွယ်​မရာဟာ​တွေ ​ပေါ်မ​နေလို့ sticker မအုပ်​​ပေးထား​တော့တာ။ rp ထုသွားသတဲ့။ တစ်​ကယ်​စိတ်​တိုတယ်​​နော်​။ နားဦးမယ်​​တွေး​ပေမယ့်​ ​သြော်​ ကိုယ့်​ ps accက work ကို မြန်​မြန်​ဖျက်​ပစ်​မှပါ​လေဆိုပြီးဒီcollab acc မှာ ​နေ့လည်​ကတည်းကပြန်​တင်​​နေတာ။ အခု​တော့ စိတ်​ပျက်​သွားပါပြီ။ လုံးဝဆက်​မတင်​​ချင်​​တော့ပါဘူး။ ဆက်​တင်​​နေရင်​လဲ အကြိမ်​ကြိမ်​ စိတ်​ဆင်းရဲ​အောင်​လုပ်​​နေမဲ့အတူတူ ရပ်​လိုက်တာပဲ​ကောင်းလိမ့်​မယ်​။ ကိုယ့်​​ကြောင့်​ စာဖတ်​သူ​တွေစိတ်​ညစ်​သွားကြရင်​ အနူးအညွတ်​​တောင်းပန်​ပါတယ်​။ ဒီmanhua ​လေးဆက်​ဖတ်​ချင်​​သေးရင်​ Manga Toon app မှာ Entangled with the duke လို့ရှာပါ။ တခြား app ​တွေမှာလဲ ရှိနိုင်​ပါတယ်​။ ggကရှာရင်​လည်း ရပါတယ်​။  webcomics မှာ​တော့ Don't flirt with his highness တဲ့ ​တွေ့တဲ့သူ​ပြောတာ ကိုယ်​က​တော့အဲ့မှာ မဖတ်​ဖြစ်​ဘူး။ သုံးထားတဲ့စာ​ကြောင်း​လေး​တွေက ​တော်​ရုံလူဖတ်​လို့ရပါတယ်​။ အင်္ဂလိပ်​စာ​ကြောက်​တဲ့သူ​တွေ​တောင်​ ဖတ်​လို့ရ​လောက်​တဲ့အ​နေအထားပါ။ ဒီ​တော့ အဲဒီ့မှာပဲ သွားဖတ်​ကြဖို့​မျှော်​လင့်​ပါတယ်​။ အကယ်​၍ ဘာသာပြန်​ချင်​တဲ့သူရှိရင်​လဲ ယူပြန်​ပါ။ မူရင်းစာ​ရေးသူဆီကခွင့်​​တောင်းပြီးပြန်​ထားတဲ့ (Amiable Hybrid​လေးကလွဲလို့ ) ကိုယ့်​ ps acc wall ထဲက Translation ​တွေအကုန်​နားလိုက်​ပါပြီ​နော်​။ ဒီmanhua ​လေး​ရောပဲ။  translation ​တွေအစား ​ရေး​နေဆဲ Yizhan ​လေးအ​ပေါ်ပဲ အာရုံစိုက်​ပြီး update မြန်​​အောင်​ကြိုးစားလိုက်​ပါ​တော့မယ်​။ ပြန်​တင်​ချင်​တဲ့သူရှိရင်​ တင်​ပါ​နော်​။ အကူအညီလိုတယ်​ဆိုလဲ ကူညီပါ့မယ်​။ ရက်​စက်​တယ်​​ပြောရင်​လဲ အ​ပြောခံရုံပါပဲ။ ဒီ​နေ့တစ်​မျိုး​နောက်​​နေ့တစ်​မျိုး​ပြော​နေလို့ မုန်းချင်​ရင်​လဲမုန်းကြပါ​တော့။ မမုန်းဘူးဆိုရင်​​တော့ ကိုယ်​တိုင်​​ရေး​နေတဲ့ fiction  ​လေး​တွေလာဖတ်​ပြီး အား​ဆေးတိုက်​ကြပါ။