♪ 1♪

14.5K 526 11
                                    

"သား Pa လက်​ထပ်​​တော့မယ်​  သားကနားလည်​​ပေးပါ"

မားမားဆုံးတာ တစ်​နှစ်​ပင်​မပြည့်​​သေး  လက်​ထပ်​တာကို  နားလည်​​ပေးပါဟု  ​ပြောလာ​သော  pa paကို  Yi Bo မျက်​​မှောင်​တွန့်​ကြည့်​မိသည်

"သား  ကန့်​ကွက်​ခွင့်​ရှိသလား"

"Pa က​တော့  မကန့်​ကွက်​​စေချင်​ဘူးသား "

"​ကောင်းပြီ​လေ  pa  ဒါဆိုကျွန်​​တော်​တို့  ကိုယ့်​လမ်းကို​လျှောက်​ကြတာ​ပေါ့   ကျွန်​​တော်​  မားဝယ်​​ပေးထားတဲ့   တိုက်​ခန်းကို​ပြောင်း​နေမယ်​"

"သား  မင်းက  တက္ကသိုလ်​ဒုတိယနှစ်​ပဲရှိ​သေးတာ
Paအုပ်​ထိန်းမှု​အောက်​မှာပဲ  ရှိ​နေသင့်​တဲ့  အရွယ်​"

"သားအသက်​ 20ပြည့်​ပြီးပါပြီ"

"ဒါ​ပေမဲ့...."

"Paလည်းpaကြိုက်​တဲ့လမ်းကို​ရွေးသလို   ကျွန်​​တော်​လည်း  ကျွန်​​တော်​​လျှောက်​မယ့်​လမ်းကို  ကိုယ်​တိုင်​​ရွေးချင်​တယ်​  "

"​ကောင်းပြီ  သား​ပြောင်း​နေမယ်​ဆိုလည်း​နေ​လေ  ဒါ​ပေမဲ့  အိမ်​ကိုလည်းတစ်​လတစ်​ခါပြန်​လာရမယ်​"

"ကျွန်​​တော်​​ပြောချင်​တာက  ကျွန်​​တော်​နဲ့paမပတ်​သက်​ဖို့ပါ  ကျွန်​​တော့ ဆုံးဖြတ်​ချက်​ကို  paသ​ဘောတူမယ်​ထင်​တယ်​   "

"ဒါဆို သားသွား​တော့မယ်​  ဒီမှာ  သားသုံး​နေတဲ့  bank card​တွေ  cycleနဲ့skateboard​တော့သားယူသွားမယ်​ သားpa paကို ဂါဝရပြုခဲ့ပါတယ်​"

"သား​လေး..."
Yi bo  pa​ခေါ်သံကို လစ်​လျူရှုပြီး  ဆိုင်​ကယ်​​ပေါ်တက်​ကာ အိမ်​မှထွက်​လာခဲ့သည်

                        ❦ ❦ ❦ ❦ ❦ ❦

"Zhan Zhan "
ပြတင်း​ပေါက်​နားမှာထိုင်​ကာ  အပြင်​ကို​ငေး​နေတဲ့
Xiao Zhanကို  Ji  Yang  သတိ​ပေးသလို​ခေါ်မိတယ်

"Aww  Ji  Yang  ​ရောက်​ပြီလား  သွားရ​အောင်​​လေ"

"​နေပါအုန်းခဏ   မင်း​ဆေး​သောက်​ပြီးပြီလား"

"​သောက်​ပြီးပြီ  ဒါ​ပေမဲ့  ​ဆေး​သောက်​လည်းဒီ​ခြေ​ထောက်​​တွေက  ပြန်​​ကောင်းလာမှာမှ  မဟုတ်​တာ"

သူ့ကိုပြုံးပြုံး​လေးကြည့်​ကာ  ​ပြော​နေတဲ့ zhan zhan ကိုကြည့်​ကာ  Ji Yang သက်​ပြင်း​လေးချမိတယ်

"ငါ​ပြောပြီးသားပဲ  zhan zhan  မင်း​ခြေ​ထောက်​​တွေက  ပြန်​​ကောင်းလာနိုင်​ပါတယ်​လို့  မင်းကဒီလို လက်​​လျော့​နေလို့မဖြစ်​ဘူး​လေ  "

"ကဲ Dr.song ji Yang  မင်းသြဝါဒ​တွေက ပြီးအုန်းမှာလား  သွားရ​အောင်​  ​နောက်​ကျ​နေ​တော့မယ်​"

"ဟွန်း...​နောက်​ကျ​နေလို့​နော်​  ပြီးကျရင်​ဆက်​​ပြောမှာ"

"​အေးပါကွာ..."

Ji Yang  zhan zhan wheelchair ကိုအိမ်​​ရှေ့ထိတွန်းလာခဲ့လိုက်​သည်​  ပြီးမှzhan zhanရဲ့ကိုယ်​ကို  ​ပွေ့ချီကာ  ကား​ပေါ် ​နေရာချ​ပေး ခါးပတ်​ပတ်​​ပေးပြီးကာမှ  driver ​နေရာဝင်​ထိုင်​ပြီး  ကားကိုကျင်​လည်​စွာ​မောင်းကာ  ခြံထဲမှ ​မောင်းထွက်​လာခဲ့သည်

                       ❀ ❀ ...........❀ ❀

My typeWhere stories live. Discover now