ဒေါက် ဒေါက်...
"ဝင်ခဲ့ပါ..."
"ဒေါက်တာ song လူနာရောက်နေပါတယ်"
"Imm သွားရအောင် သူနာပြုဟာ"Ji Yang Zhan zhan ဆီကပြန်လာပြီး ဂျူတီမို့ ဆေးရုံကိုလာခဲ့ရခြင်း....
★ ★ ★
အရေးပေါ်ခန်းတွင်
"Yi bo ဘာဖြစ်လာတာလဲ"
"Ji Yang ကော ကျွန်တော်ဘာမှမဖြစ်ပါဘူး ဖြစ်တာက သူ"
"အော်..ကောကြည့်ပေးမယ် ဘာဖြစ်လာတာလည်း"
"Skateစီးရင်းဖြစ်တာ.."
"ညီနာမည်ဘယ်လိုခေါ်လည်း"
"Hao Xuanပါ "
"ဒေါတ်တာsong x-ray ရိုက်ထားတာရပြီ"
"ခြေချင်းဝတ်လည်သွားတာပဲ ညို့သကျည်းရိုးလည်းအက်သွားတယ် ကျောက်ပတ်တီးကိုင်ရမယ်"
"တစ်လလောက်တော့ ခြေထောက်ကိုအနားပေးရမယ် ပြေးတာတို့ skateစီးတာတို့လုပ်လို့မဖြစ်ဘူး"
"တစ်လတောင်လား..."ငြီးငြူသလိုပြောလိုက်သော Hao Xuan ကိုJi Yang က
"တစ်လတည်းပါကွ ပြီးရင်ညီအရင်လို ခြေထောက်ပြန်သုံးလို့ရပြီကို..."
သူ့ကိုပြုံးပြကာ အားပေးနေသော Dr.song ji Yang
Wow အပြုံးလေးလှလိုက်တာ ပါးချိုင့်လေးကိုထင်းနေရော ကြယ်လေးတွေလိုတလက်လက်တောက်နေတဲ့မျက်ဝန်းလေး နှာတံစင်းစင်းလေး ဖြူဖွေးနုဖတ်နေတဲ့အသားအရေလေး နှင်းဆီရောင်နှုတ်ခမ်းပါးလေးဆီကို အကြည့်အရောက် ရုတ်တရက်ကြီးအာခေါင်ခြောက်လာတာမို့ Hao Xuan
အမြန်အကြည့်လွှဲလ်ုက်ရသည်"Hao Xuan ဒါ ငါနဲ့ငယ်ငယ်ကတည်းကရင်းနှီးတဲ့အစ်ကို Ji yangတဲ့ "
"ကော ဒါကျွန်တော့်သူငယ်ချင်း Wang Hao Xuanတဲ့ "
"တွေ့ရတာဝမ်းသာပါတယ် ကော"
"ကောလည်းအတူတူပဲ "
"ဒါနဲ့ Yi boအိမ်ကဆင်းလာတယ်ဆို "