Ji Yangကားကို ဖြေးဖြေးနဲ့မှန်မှန်မောင်းကာ ပေကျင်းမြို့ပြင်ကို ဦးတည်လာခဲ့တယ်
တစ်နေရာအရောက် ကားကို ရပ်လိုက်ပြီး နောက်ခန်းမှ wheel chair ကိုထုတ်ယူလိုက်သည်
"Zhan Zhan ငါတို့ရောက်ပြီ"
"ဟင်...ရောက်နေပြီလား.."
"အင်း..မင်းအဆင်ကောပြေရဲ့လား"
"Omm ပြေမယ်ထင်တာပဲ"
"ဒါဆိုသွားရအောင် အန်ကယ်နဲ့ အန်တီစောင့်နေလောက်ပြီ"
"IMM....."
Ji Yang Zhan Zhanကို wheelchair ပေါ်တင်ပေးပြီး တွန်းကာ ထွက်လာလိုက်သည်Ji Yang Zhan Zhanမိဘတွေရဲ့ အုတ်ဂူကို ဂါဝရပြုလိုက်ပြီး
"အန်ကယ်နဲ့ အန်တီမတွေ့ရတာ အတော်လေးကြာပါပြီ အဆင်ပြေကြတယ်မို့လား"
"Zhan Zhanခဏကျန်ခဲ့နော် ငါဟိုဘက်သွားလိုက်ဦးမယ်"
"Imm"
"Paနဲ့ maနေကောင်းကြရဲ့လား အဆင်ပြေကြမယ်ထင်တယ် သားလည်းအဆင်ပြေပါတယ် Ji yang ကဂရုစိုက်ပေးတယ် company ကိုလည်းစိတ်မပူပါနဲ့ လေးလေးက ကူညီပေးနေတယ်"
"Maသိလား လေးလေးက လေ ခုထိလူပျိုကြီးဘဝကနေမကျွတ်သေးဘူး "
" သားတကယ်တောင်းပန်ပါတယ်
တကယ်ဆို အဲ့ခရီးသွားဖို့သားမတောင်းဆိုသင့်ဘူး
အာ့ဆို အဲ့accidentဖြစ်စရာအကြောင်းမရှိဘူးမို့လား""သား တကယ်တော့ အဆင်မပြေဘူး paနဲ့maကိုလွမ်းတယ် သားကိုဘာလို့ တခါတည်းခေါ်မသွားကြတာလည်းဟင်"
Zhan Zhan ရှုံးပွဲချငိုနေမိသည် သုံးနှစ်ရှိပြီဆိုသော်လည်း ခံနိုင်ရည်ရှိသင့်ပြီဆိုသော်လည်း ဒီလိုနေ့ဆို ဟန်ဆောင်သမျှတွေ ကွာကျကာ ခုလို အရူးတစ်ပိုင်းငိုမိမြဲ
➳ ➳ ➳ ➳ ➳ ➳ ➳ ➳ ➳
Yi Bo အိမ်ကထွက်လာပြီးမှ စိတ်ညစ်ညစ်နဲ့ ma ma ဆီရောက်လာကာ ရင်ဖွင့်နေမိသည်
Ma maဆုံးပြီး pa paအထီးကျန်ကာ လက်ထပ်သည်ကို နားလည်ပေးသင့်တယ်ဆိုပေမဲ့
Yi bo Ma maနေရာကိုဘယ်လိုမှ အစားအထိုးနိုင်Yi bo ကအမေချစ်သား
ငယ်စဉ်ကတည်းက paက companyကိုဦးစားပေးသဖြင့် yi bo ကmaနဲ့သာပိုရ်ျအနေနီးသည်
Maကိုပိုချစ်သည်Maသွေးကင်ဆာနဲ့ဆုံးချိန်တွင်Yi Bo အတွက်ကမ္ဘာကြီးပြိုကျသွားသလို
Yi Bo အရင်ကအကြောင်းတွေတွေးနေမိတုန်း
ကြားနေရတဲ့ ရှိုက်သံကျယ်ကြောင့် ပတ်ဝန်းကျင်ကိုငဲ့ကြည့်မိသည်Yi Boနဲ့ မနီးမဝေးမှာ wheel chair နဲ့လူတယောက် သူ့ကြည့်ရတာ အရမ်းကိုနာကျင်ခံစားနေရသလိုပဲ
တီ တီ တီ
"Hello ""Wang Yi Bo မင်းဘယ်မှာလဲ"
"ဘာလုပ်မလို့လဲ"
"Skateပွဲရှိတယ် ပြိုင်မလား"
"ဘယ်တော့လဲ"
"နောက်တစ်နာရီနေရင်.."
"ပြိုင်မယ်လေ Hao Xuan မင်းစာရင်းပေးထားလိုက်"
"Ok!"
Hao Xuanနဲ့ ဖုန်းပြောပြီးYi Bo ဆိုင်ကယ်ရှိရာကို
သွားကာ တရှိန်ထိုးမောင်းထွက်လာလိုက်သည်"Yi Bo လာပြီလား"
"Imm"
"အခြေအနေ"
"အရင်တစ်ခေါက်ပွဲက ကောင်တွေရောအသစ်တွေလည်းပါတယ်"
"Wow Wang Yi Bo လာပြီလား ငါ့ကိုအရှုံးလာပေးတာလား"
"မဖြစ်နိုင်တာ ဝမ်ချောင်အရင်တစ်ခေါက်ရှုံးတာ တော်တော်ထိသွားတယ်ဆို အဘိုးကြီးဆီ အဆူခံရတယ်ဆိုလား"
"မင်း..."
"ဘာလဲ အနာပေါ်တုတ်ကျသွားတာလား"
"မင်းအမြဲမနိုင်နိုင်ပါဘူး အတုံ့အလှည့်ဆိုတာရှိမှာပဲ"
"ဒီတစ်ခေါက်တော့မဟုတ်ဘူးထင်တယ်"
ဝမ်ချောင် Yi Bo ကို စူးစိုက်ကြည့်ကာထွက်သွားတယ်
ပွဲပြီးတော့ ထုံးစံအတိုင်း yi bo တို့အနိုင်
"Hao Xuan ထိခိုက်မိသွားတယ်ဆို"
"အင်း ခြေချင်းဝတ်ရိုးကျိုးပြီလားမသိဘူး"
"မကျိုးလောက်ပါဘူး ဆေးရုံသွားရအောင်"
"Imm..."
❀ ❀ ❀ ❀ ❀ ❀ ❀