"သား Pa လက်ထပ်တော့မယ် သားကနားလည်ပေးပါ"
မားမားဆုံးတာ တစ်နှစ်ပင်မပြည့်သေး လက်ထပ်တာကို နားလည်ပေးပါဟု ပြောလာသော pa paကို Yi Bo မျက်မှောင်တွန့်ကြည့်မိသည်
"သား ကန့်ကွက်ခွင့်ရှိသလား"
"Pa ကတော့ မကန့်ကွက်စေချင်ဘူးသား "
"ကောင်းပြီလေ pa ဒါဆိုကျွန်တော်တို့ ကိုယ့်လမ်းကိုလျှောက်ကြတာပေါ့ ကျွန်တော် မားဝယ်ပေးထားတဲ့ တိုက်ခန်းကိုပြောင်းနေမယ်"
"သား မင်းက တက္ကသိုလ်ဒုတိယနှစ်ပဲရှိသေးတာ
Paအုပ်ထိန်းမှုအောက်မှာပဲ ရှိနေသင့်တဲ့ အရွယ်""သားအသက် 20ပြည့်ပြီးပါပြီ"
"ဒါပေမဲ့...."
"Paလည်းpaကြိုက်တဲ့လမ်းကိုရွေးသလို ကျွန်တော်လည်း ကျွန်တော်လျှောက်မယ့်လမ်းကို ကိုယ်တိုင်ရွေးချင်တယ် "
"ကောင်းပြီ သားပြောင်းနေမယ်ဆိုလည်းနေလေ ဒါပေမဲ့ အိမ်ကိုလည်းတစ်လတစ်ခါပြန်လာရမယ်"
"ကျွန်တော်ပြောချင်တာက ကျွန်တော်နဲ့paမပတ်သက်ဖို့ပါ ကျွန်တော့ ဆုံးဖြတ်ချက်ကို paသဘောတူမယ်ထင်တယ် "
"ဒါဆို သားသွားတော့မယ် ဒီမှာ သားသုံးနေတဲ့ bank cardတွေ cycleနဲ့skateboardတော့သားယူသွားမယ် သားpa paကို ဂါဝရပြုခဲ့ပါတယ်"
"သားလေး..."
Yi bo paခေါ်သံကို လစ်လျူရှုပြီး ဆိုင်ကယ်ပေါ်တက်ကာ အိမ်မှထွက်လာခဲ့သည်❦ ❦ ❦ ❦ ❦ ❦
"Zhan Zhan "
ပြတင်းပေါက်နားမှာထိုင်ကာ အပြင်ကိုငေးနေတဲ့
Xiao Zhanကို Ji Yang သတိပေးသလိုခေါ်မိတယ်"Aww Ji Yang ရောက်ပြီလား သွားရအောင်လေ"
"နေပါအုန်းခဏ မင်းဆေးသောက်ပြီးပြီလား"
"သောက်ပြီးပြီ ဒါပေမဲ့ ဆေးသောက်လည်းဒီခြေထောက်တွေက ပြန်ကောင်းလာမှာမှ မဟုတ်တာ"
သူ့ကိုပြုံးပြုံးလေးကြည့်ကာ ပြောနေတဲ့ zhan zhan ကိုကြည့်ကာ Ji Yang သက်ပြင်းလေးချမိတယ်
"ငါပြောပြီးသားပဲ zhan zhan မင်းခြေထောက်တွေက ပြန်ကောင်းလာနိုင်ပါတယ်လို့ မင်းကဒီလို လက်လျော့နေလို့မဖြစ်ဘူးလေ "
"ကဲ Dr.song ji Yang မင်းသြဝါဒတွေက ပြီးအုန်းမှာလား သွားရအောင် နောက်ကျနေတော့မယ်"
"ဟွန်း...နောက်ကျနေလို့နော် ပြီးကျရင်ဆက်ပြောမှာ"
"အေးပါကွာ..."
Ji Yang zhan zhan wheelchair ကိုအိမ်ရှေ့ထိတွန်းလာခဲ့လိုက်သည် ပြီးမှzhan zhanရဲ့ကိုယ်ကို ပွေ့ချီကာ ကားပေါ် နေရာချပေး ခါးပတ်ပတ်ပေးပြီးကာမှ driver နေရာဝင်ထိုင်ပြီး ကားကိုကျင်လည်စွာမောင်းကာ ခြံထဲမှ မောင်းထွက်လာခဲ့သည်
❀ ❀ ...........❀ ❀