(1)🧡

2.9K 128 47
                                    

"yarrr ပတ်ချန်းယောလ်ဖုန်းမကိုင်ဘူးပေါ့ ရတယ်
ရတယ် လုပ်ထားအုန်းပေါ့"

"မင်းထက်အကြီးနော်ဘယ်လိုတွေခေါ်နေတာလဲဟိတ်ကောင် ဂျောင်ဆူး"

မျက်လုံးပြူးပြူးလေးနဲ့ အသည်းပုံနှုတ်ခမ်းပိုင်ရှင်ကောင်
လေးမှာ ဖုန်းတကိုင်ကိုင်နဲ့ ဒေါသဖြစ်နေရသည့်အပြင်
ဘေးကသူ့နားမှာ အသံဆိုးနဲ့ ဆရာလာလုပ်နေသည့်
ဂျုံဒယ် ကိုဘုကြည့်ကြည့်ပေးလိုက်တော့

"ငါကမင်းကိုငရဲကြီးမှာဆိုးလို့ပါ ငါ့ကိုအဲ့လိုမကြည့်ပါနဲ့
သူငယ်ချင်းလေးရာ"

"ကြီးပါစေ အဲ့လူကြီးငါသေချာမှာထားရဲ့သားနဲ့ ကိုငါ့ကို
ဒေါသဖြစ်အောင်လုပ်တာ ဖုန်းလည်းမကိုင်ဘူး"

"သူMeetingရှိလို့နေမှာပေါ့"

"မင်းငါ့ယောင်္ကျားကိုကြိုက်နေတာလား အာပြဲကောင်"

"ဂျောင်ဆူးခွေးကောင်ကြိုက်စရာလား မင်းယောကျာင်္း
လောရှည်ကြီးကိုမင်းပဲကြိုက်"

"မင်းခုနကပြောတုန်းကငရဲကြီးမယ်လေးဘာလေးနဲ့ခုကျတော့ လောရှည်တဲ့ တော်တော်ယဉ်ကျေးတဲ့အကောင်
ပါပဲ"

"လာမရွဲ့နဲ့ ဟိုမှာမင်းယောင်္ကျားလာနေပြီ "

"ဘယ်မှာလဲ"

ဂျုံဒယ်လက်ညှိုးထိုးပြတော့မှ ကားအဖြူကြီးပေါ်မှ
အနောက်တိုင်းဝတ်စုံအနက်ရောင်နဲ့ချောမောနေသောသူရဲ့ ယောင်္ကျားဆိုသောသူကြီးမှာ သွားသုံးဆယ်နှစ်
ချောင်းလုံးဖြီးကာ သူတို့ရှိရာလာတော့ ဂျောင်ဆူး ဂျုံဒယ်
လက်ကိုဆွဲကာ သူ့ကိုမမြင်ချင်ယောင်ပြီး ထွက်လာခဲ့
သည်။

"မင်း စောင့်နေတာမဟုတ်ဘူးလားသူ့ကို"

"ဘယ်မှာစောင့်နေလို့လဲ ငါဟာငါထိုင်နေတာ ငါဒီနေ့မင်းနဲအတူပြန်မယ်နော်"

"ဘေဘီ စောင့်ပါအုန်း "

ပတ်ချန်းယောလ်ခဗျာ သွားသုံးဆယ့်နှစ်ချောင်းလုံးဖြီးလာ
သောလည်း သူ့အားမျက်စောင်းထိုးပြီး မမြင်ချင်ယောင်
ဆောင်ထထွက်သွားသော ဂျောင်ဆူးနောက်သို့အသည်း
အသန်လိုက်လာရသည် ။တော်သေးသည် မှီလို့ သေးသေးလေးပေမယ့် ခြေလှမ်းလေးတွေကသွက်လိုက်တာမှ။

My Heartbeat(Complete)Where stories live. Discover now