"yarrr ပတ်ချန်းယောလ်ဖုန်းမကိုင်ဘူးပေါ့ ရတယ်
ရတယ် လုပ်ထားအုန်းပေါ့""မင်းထက်အကြီးနော်ဘယ်လိုတွေခေါ်နေတာလဲဟိတ်ကောင် ဂျောင်ဆူး"
မျက်လုံးပြူးပြူးလေးနဲ့ အသည်းပုံနှုတ်ခမ်းပိုင်ရှင်ကောင်
လေးမှာ ဖုန်းတကိုင်ကိုင်နဲ့ ဒေါသဖြစ်နေရသည့်အပြင်
ဘေးကသူ့နားမှာ အသံဆိုးနဲ့ ဆရာလာလုပ်နေသည့်
ဂျုံဒယ် ကိုဘုကြည့်ကြည့်ပေးလိုက်တော့"ငါကမင်းကိုငရဲကြီးမှာဆိုးလို့ပါ ငါ့ကိုအဲ့လိုမကြည့်ပါနဲ့
သူငယ်ချင်းလေးရာ""ကြီးပါစေ အဲ့လူကြီးငါသေချာမှာထားရဲ့သားနဲ့ ကိုငါ့ကို
ဒေါသဖြစ်အောင်လုပ်တာ ဖုန်းလည်းမကိုင်ဘူး""သူMeetingရှိလို့နေမှာပေါ့"
"မင်းငါ့ယောင်္ကျားကိုကြိုက်နေတာလား အာပြဲကောင်"
"ဂျောင်ဆူးခွေးကောင်ကြိုက်စရာလား မင်းယောကျာင်္း
လောရှည်ကြီးကိုမင်းပဲကြိုက်""မင်းခုနကပြောတုန်းကငရဲကြီးမယ်လေးဘာလေးနဲ့ခုကျတော့ လောရှည်တဲ့ တော်တော်ယဉ်ကျေးတဲ့အကောင်
ပါပဲ""လာမရွဲ့နဲ့ ဟိုမှာမင်းယောင်္ကျားလာနေပြီ "
"ဘယ်မှာလဲ"
ဂျုံဒယ်လက်ညှိုးထိုးပြတော့မှ ကားအဖြူကြီးပေါ်မှ
အနောက်တိုင်းဝတ်စုံအနက်ရောင်နဲ့ချောမောနေသောသူရဲ့ ယောင်္ကျားဆိုသောသူကြီးမှာ သွားသုံးဆယ်နှစ်
ချောင်းလုံးဖြီးကာ သူတို့ရှိရာလာတော့ ဂျောင်ဆူး ဂျုံဒယ်
လက်ကိုဆွဲကာ သူ့ကိုမမြင်ချင်ယောင်ပြီး ထွက်လာခဲ့
သည်။"မင်း စောင့်နေတာမဟုတ်ဘူးလားသူ့ကို"
"ဘယ်မှာစောင့်နေလို့လဲ ငါဟာငါထိုင်နေတာ ငါဒီနေ့မင်းနဲအတူပြန်မယ်နော်"
"ဘေဘီ စောင့်ပါအုန်း "
ပတ်ချန်းယောလ်ခဗျာ သွားသုံးဆယ့်နှစ်ချောင်းလုံးဖြီးလာ
သောလည်း သူ့အားမျက်စောင်းထိုးပြီး မမြင်ချင်ယောင်
ဆောင်ထထွက်သွားသော ဂျောင်ဆူးနောက်သို့အသည်း
အသန်လိုက်လာရသည် ။တော်သေးသည် မှီလို့ သေးသေးလေးပေမယ့် ခြေလှမ်းလေးတွေကသွက်လိုက်တာမှ။