(8)🧡

718 72 31
                                    

ဟို့နေ့ကစကားများပြီးကတည်းက ပတ်ချန်းယောလ်ဆို
သည်မှာသူ့အဆိုးလေးကိုလေသံမမာရဲ နည်းနည်းလေးမာ
တာနဲ့ "ကိုကိုနော် အိမ်ပေါ်ကဆင်းမယ်ဆိုတာကြီးပဲ"

"ကိုကို ဘာလုပ်နေတာလဲ"

"သဘက်ခါကျရင်လေ ကိုကိုတို့Companyက ပရဟိတသွားလုပ်မဲ့ မိဘမဲ့ဂေဟာက ကလေးလေးတွေပုံကြည့်
နေတာ"

အဆိုးလေးက သူလည်းကြည့်မလို့ဆိုပြီး လူပေါ်အတင်းတက်ကာပေါင်ပေါ်တက်ထိုင်ပြီး ရင်ခွင်ထဲရောက်အောင်
နေရာကအသေအချာယူလိုက်သေး

"ဒီကလေးလေးတွေလား ချစ်စရာလေးတွေ"

"အနောက်မှာလည်းရှိသေးတယ်"

"ကိုကို က ကလေးချစ်တတ်လား"

"ချစ်တတ်တာပေါ့"

"ဟွန့်ကိုကိုနော် သူများတွေလို ဂျောင်ဆူးကို ကလေးမွေး
ပေးပါလားလို့ ကလေးမွေးစားရအောင်လို့လာမပြောနဲ့
ဂျောင်ဆူးလေးရဲ့အဖြေကNoပါပဲနော်"

ခုပဲဒီကိစ္စပြောမလို့ကို သူကကြိုပိတ်တော့ ဘာပြောရမှန်း
တောင်မသိတော့

"ဘာလို့ကလေးမလိုချင်ရတာလဲ"

"ကလေးလေးရလာရင် ကိုကိုကအချစ်တွေပေါ့သွားမှာပေါ့
ပြီးတော့မား တို့ မားမားပတ်တို့က သူပဲချစ်တော့မှာလေ"

တကယ့်ကိုကလေးအတွေးလေး

"မတူဘူးလေ ကလေးကကလေး ဘေဘီကဘေဘီဟာ"

"ဟင့်အင်းမရဘူး မယူဘူးနော်"

အတင်းကိုငြင်းနေပါလား သူနဲ့ကိုယ့်ကြားသံယောဇဉ်ကြိုး
နောက်ထပ်တစ်ခုလောက်ရှိစေချင်တာအမှန် သွေးသားအ
ရင်းမဟုတ်ရင်တောင်မှ ပေါ့

"ဘာလဲကိုကို ကလိုချင်လို့လား"

"ကိုကိုက လိုချင်"

"ဟွန့်သိသားပဲ လိုချင်မှန်း လူကိုမချစ်ချင်တော့လို့ အချစ်
တွေခွဲပေးဖို့စဉ်းစားနေတာ"

အကောင်းပြောနေရင်းစိတ်ကထကောက်သွားပြန်ပြီ လူ
ပေါ်ကကုန်းရုန်းထပြီး အခန်းတံခါးကိုဆောင့်ပိတ်သွားနေ
လေရဲ့

"ဟင်းးး ဒီကလေးအတွေးလေးတွေကို ဘယ်လိုဖျောက်ပစ်
ရပါ့မလဲ ဘေဘီ ဘေဘီ"

My Heartbeat(Complete)Where stories live. Discover now