🍓Part 1🍓

529 28 2
                                    

[ Zawgyi ]

"ငယ်လေးရေ....ငယ်လေး...''

အသံပြဲကြီးနဲ့အော်ပြီး အပေါ်ထပ်မှ အပြာနုရောင်အခန်းလေးဆီသို့ အသည်းအသန်ပြေးလာသော အရပ်ရှည်ရှည် ရုပ်ချောချောကောင်လေးတယောက်

အပေါ်ထပ်သို့ရောက်သည်နှင့်အပြာနုရောင်သုတ်ထားသောကျွန်းတံခါးကိုဖွင့်လိုက်တာနဲ့

"Meanရယ် ဖြေးဖြေးသက်သာအော်ပါ saintထွက်မပြေးပါဘူး''ဆိုပြီး အပြာနုရောင်အခန်းထဲမှ အသံပိစိလေးနဲ့ ချစ်ဖို့ကောင်းတဲ့ကောင်လေးတယောက်

"ငယ်လေး .......''လို့အကျယ်ကြီးခေါ်ပြီးအပေါက်ဝကနေ ကုတင်ပေါ်မှာ ပုံ့ပုံ့လေးထိုင်နေတဲ့saintဆီပြေးဖက်နေသောသူ တနည်းအားဖြင့် sappapong gpရဲ့CEO Mean

"Oh~ အင့်.....meanလွှတ်အုံးsaintအသက်ရူကြပ်နေပြီ''ဟု ကျောကုန်းကိုပုတ်မှ တင်းကြပ်စွာဖက်ထားတဲ့လက်တွေကဖြေလျော့ပေးလိုက်၏။

Mean: ဟီးးးဆော်ရီး ငယ်နာသွားလား P'အပျော်လွန်သွားလို့

စပ်ဖြီးဖြီးရုပ်နဲ့ပြောလာသော အကိုဖြစ်သူကြောင့်saintဘာမှမပြောဖြစ်တော့

Saint:ပြောပါအုံး အပျော်လွန်ရတဲ့အကြောင်းလေး မေးလေးငေါ့ကာမေးလိုက်မှ

Mean: အကြောင်းကတော့....ဟော့ဒီက ကျွန်တော့်ရဲ့ချစ်လှစွာသော ညီငယ်လေး saint sappaongက SWU ကို Role 1နဲ့အောင်မြင်သောကြောင့်ဖြစ်ပါတယ်ခင်ဗျ ဆိုပြီးလက်ခုပ်တီးပြီးပြောနေတော့

ဒီတခါအံသြပြီးအပျော်လုံးဆို့ ရတာကိုယ်ဖြစ်သွားတာပေါ့

"အားးးး.....wow... wow.... တကယ် တကယ် saint အောင်တယ်ပေါ့ ပြီးတော့ role 1နဲ့ '' ရင်ဘတ်လေးကိုဖိပြီခုတင်ပေါ်မာခုန်စွခုန်စွမေးနေတဲ့ညီငယ်အကောင်ပေါက်အား ခေါင်းတချက်ညိမ့်ပြလိုက်တဲ့သကာလ

"အားးး.....ပျော်လိုက်တာ.... SWUရဲ့ကျောင်းသားကြီးဖြစ်ပြီကွ''ပြောလဲပြော ခုတင်မာခုန်စွခုန်စွလုပ်နေရာကနေ မတ်တပ်ရပ်နေတဲ့ကိုယ့်ဆီကုပ်ဖက်တက်နေတာကြောင့် ပြုတ်ကျမှာဆိုး၍ အငယ်ကောင်၏ မက်မွန်သီးကနေပင့်ပေးထားရသေး၏။

"မားရေ....မားမား....ပါးပါး....''ဆိုပြီး လမ်းထိပ်ကတောင်ကြားရနိုင်တဲ့အသံနဲ့မိမိကိုယ်ပေါ်မှ အောက်ထပ်သို့ဆင်းပြေးသွားသော ညီကိုကြည့်ရင်း ခေါင်းခါပြီးသာ သူ့နောက်ထပ်လိုက်ရ၏။

💜Stories Of My Love💜Where stories live. Discover now