လွန်ခဲ့တဲ့ သုံးနှစ်။
လူစားထိုးပြီး စာပနလုပ်ပွဲကအဆင်ပြေသွားခဲ့တယ်။ ရှောင်းကျန့်ရဲ့မိဘတွေက သူတို့သားရဲ့နောက်ဆုံးအချိန်ကို ကြည့်ပြီးတဲ့နောက် ကျန်တဲ့ကိစ္စတွေအကုန်လုံး ဆေးရုံကိုဝကွက်အပ်လိုက်တယ်။ အဲ့ဒီမှာပဲ သူမ သေချာပြင်ဆင်နိုင်ခဲ့တာ။ခွဲစိတ်မှုအပြီးမှာ ရှောင်းကျန့်ကအသက်ရှင်တယ်။ ဒါပေမဲ့ ယဲ့ယဲ့ကလေးရယ်။ အချိန်မရွေးအတိမ်းအစောင်းဖြစ်သွားနိုင်တယ်။ ဝမ်ကျားလော့က ရှောင်းကျန့်ကို ဆေးရုံမှာတင်ပဲ တကယ်အသက်မရှင်ခဲ့တော့ဖို့ကြံစည်ခဲ့တာ။
ဆေးရုံမှာသာဆက်ရှိနေခဲ့ရင် ရှောင်းကျန့်က သေချာပေါက်သေမှာ။သူမလုပ်နိုင်တာက ဒီလူကိုဒီအရပ်ကနေဝေးရာကိုခေါ်သွားနိုင်ဖို့ပါပဲ။
ရှောင်ယန်လီ။
သူမက ဒီဆေးရုံရဲ့ အောက်ခြေဝန်ထမ်း။ မတော်တဆ တိုးတိုးတိတ်တိတ်မှာကြားသံတွေကိုကြားသွားပြီးတော့ ဒီလူကိုသူမကယ်ဖို့ ကြိုးစားခဲ့တယ်။
အစစအရာရာခက်ခဲခဲ့တယ်။ သူမမွေးဇာတိကို ရောက်တော့ ဒီလူကတအားအားနည်းနေပြီ။ သတိလည်တစ်ချက်မလည်တစ်ချက်ဖြစ်နေတာ။ လက်ထဲမှာသေ သွားရင်လဲ သူမဘာမှလုပ်တတ်တော့မှာမဟုတ်ဖူး။ ဒါပေမဲ့ ဒီလူက အံ့သြစရာကောင်းစွာနဲ့ပဲ ကြံ့ကြံ့ခံနိုင်ခဲ့ပါတယ်။ပြီးတော့....လူတစ်ယောက်ကို အမြဲစောင့်မျှော်နေခဲ့တယ်။
အဲ့ဒီလူက အခုသူ့ကို ရင်ခွင်ထဲပွေ့ဖက်ထားပြီး ငိုကြွေးနေပါတယ်။
..............
ရိပေါ်ကရှောင်းကျန့် ကိုကြည့်နေတာ မျက်တောင်တစ်ချက်မခတ်ဖူး။ သူ့လက်ထဲမှာ ရှောင်းကျန့်ရဲ့လက်ကိုခပ်တင်းတင်းဆုပ်ထားတယ်။ စားပွဲတစ်ဖက်မှာ သူတို့နှစ်ယောက်ကအတူတူထိုင်နေကြတာ။ မျက်တောင်တစ်ချက်ခတ်မိတာနဲ့ ရှောင်းကျန့်ပျောက်သွားမှာကြောက်လို့ ရိပေါ်တုပ်တုပ်မှမလှုပ်ရဲဘူး။ ပြီးတော့ဆုပ်မိထားတဲ့လက်ကို နည်းနည်းလေးမှမဖြေလျော့ပေးနိုင်ဘူး။
"နေဦးလေ..."
ရှောင်းကျန့်ကရိပေါ် နားနားကပ်ပြီးအသံတိုးတိုးနဲ့ပြောတယ်။ ရှောင်းကျန့်ကအသက်ရှင်နေတယ်။ ပါးပြင်ပေါ်မှာ သွေးကြောစိမ်းစိမ်းလေးတွေက တလှုပ်လှုပ်နဲ့။ တကယ်အသက်ရှင်နေတာ။ ဒါအိပ်မက်မဟုတ်ဖူး။ ရှောင်းကျန့်နှုတ်ကထွက်တဲ့လေနွေးနွေးကသူ့ပါးပြင်ကိုရိုက်ခတ်တဲ့အခါရိပေါ်ပျော်လွန်းလို့ရူးမတတ်ပဲ။
YOU ARE READING
Lovingly(အမြတ်တနိုး) ||Completed!||
Fanfiction" မင်းတို့မှာ..ဇာတ်လမ်းတစ်ပုဒ်ထဲကလို အချိန်မျိုးရှိခဲ့လား?"